Saturday, January 10, 2009

ကျောက်သင်္ဘော ဆရာတော်ဘုရားကြီး၏ တရားတော်

" မဂ်ပေါက်ဖိုလ်ဝင်နိဇ္ဗာန်မြင်နိဗ္ဗာန်အမြင်ကမခက်ပါဘူး---
အမြဲမရှိတာက အနိမိတ္တ၊ ထင်ရှားအောင် ဘုန်းကြီးတို့က ဗမာလို့ လွယ်လွယ်ကလေး ဘွင်းဘွင်း နှင့် ရှင်းရှင်းဘဲ ဟောလေ့ရှိပါတယ်။
ယ္ခု တရားနာလာကြတဲ့ ပရိဿတ်တွေ ဘုန်းကြီက မေးမယ် ဖြေကြစမ်းပ။
မိမိ-မိမိတို့ရဲ့ သဏ္ဍာနမှာ ကောင်းမှုရေးရာနှင့် စပ်ဆိုက်တဲ့စိတ်တွေ ဖြစ်မဲ့ စိတ်တွေ အမြဲရှိနှင့်ပါသလား။
အမြဲမရှိတာမှန်ပါတယ် ငြင်းကွယ်လို့ မရပါဘူး။ မှန်တာ သစ္စာခေါ်တယ်။
ထင်ရှားစေဦအံ့
ဘုရားနှင့် တွေ့မှ ဘုရားရယ်၊ စိတ်ရယ်၊ ဘုရားစိတ် ဖြစ်လာတယ်။
တရားနှင့်တွေ့မှ တရားရယ်၊ စိတ်ရယ်၊ တရားစိတ်ဖြစ်လာတယ်။
ဘုန်းကြီးနှင့်တွေမှ ဘုန်းကြီးရယ်၊ စိတ်ရယ်၊ ဘုန်းကြီးစိတ်ဖြစ်လာတယ်။
ကျောင်းနှင့် တန်းဆောင်းနှင့် ဇရပ်နှင့်တွေကြမှ ကျောင်းစိတ်၊ တန်ဆောင်းစိတ်၊ ဇရပ်စိတ်တွေ ဖြစ်ပေါ်ကြတာပါ။"
" သားထဲ့ပေး၊ သားရယ် စိတ်ရယ်- သားစိတ်ဖြစ်။
သ္မီးထဲ့ပေး၊ သ္မီးရယ် စိတ်ရယ်- သ္မီးစိတ်ဖြစ်။
အိမ်ထဲ့ပေး၊ အိမ်ရယ်- စိတ်ရယ်- အိမ်စိတ်ဖြစ်။
လူထဲ့ပေး၊ လူရယ်- စိတ်ရယ်- လူစိတ်ဖြစ်။
ရွှေထဲ့ပေး၊ ရွှေရယ် စိတ်ရယ်- ရွှေစိတ်ဖြစ်။
ငွေထဲ့ပေး၊ ငွေရယ် စိတ်ရယ်- ငွေစိတ်ဖြစ်။
နိဗ္ဗာန်ထဲ့ပေး၊ နိဗ္ဗာန်ရယ် စိတ်ရယ်- နိဗ္ဗာန်စိတ်ဖြစ်။
ဘာဘာ ညာညာ ထွေထွေ လာလာ အရာရာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးနာမည်တွေ ပညတ်တွေ ထဲ့ပေးကြည့်ပါလား။
ဘာဘာ ညာညာ ထွေထွေ လာလာ အရာရာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်တွေဖြစ်ကြမှာဘဲ မဟုတ်လား။
ဖြစ်တာမှန်ပါတယ်။
ဖြစ်ဖြစ်သမျှ ဇာတိဒုက္ခတဲ့၊
အဲတာ မြင်အောင်ကြည့်ကြ။
ဖြစ်တာ ဖြစ်ပေါ်တာ ပင်ပန်းတာတွေဟာ ဒုက္ခလို့ ဘေး,လို့၊ သင်္ခါရလို့၊ သံသရာလို့၊ မဖြစ်တာ-မဖြစ်ပေါ်တာ မပင်ပန်းတာ- နိဗ္ဗာန်လို့ ၊ ပဋိသမ္ဘီဒါမဂ် ပါဋ္ဌိတော်မှာ ဟောတော်မူပါတယ်။"
"ထွေထွေ လာလာ ဘာဘာ ညာညာ အရာရာ ကောင်းကောင်း ဆိုးဆိုး၊ အမျိုးမျိုးသော တွေးစရာ ကြံစရာ၊ အောက်မေ့စရာ၊ နာမည် နာမ ပညတ်တွေ ထဲ့မပေးတော့ "" စိတ်"" ကလေး ဘာဖြစ်နေသလဲ ဘာစိတ်မှ ဖြစ်ပါဘူး။
မဖြစ်တော့ အဖြစ်တွေ ငြိမ်းမနေဘူးလား။
အဖြစ်တွေ ချုပ်,မနေဘူလား။
အဖြစ်တွေ ကင်း, မနေဘူးလား။
ငြိမ်းပါတယ် ချုပ်ပါတယ်။
ချုပ်ငြိမ်းတာ မှန်ပါတယ်။
ချုပ်ငြိမ်းအောင်များ မိမိက တမင်သက်သက် ပြုလုပ်ပေးရသေးသလား။ "" အသင်္ခတ တရား"" ပါတဲ့ ပြုလုပ်မပေးရပါဘူး၊
ပြုလုပ်မပေးတော့ အပြုကင်း-အပြုရှင်းပြီး အေးငြိမ်းနေပါတယ်။ အဲတာ နိဗ္ဗာန်တွေ့တာပါ။
ချုပ်ငြိမ်းအောင်များ တမင်ပြုလုပ် ပေးလို့ရလျှင် "" သင်္ခါတာဓမ္မာ"" လို့ ဘုရားဟောခဲ့မှာပေါ့။
မယုံလျှင်
အားထုတ်ကြည့်ကြပါလား၊ အားထုတ်တော့ အားထုတ်မှု စိတ်တွေ ဖြစ်လာမှာပေါ့။
အာယုဟနာ သင်္ခါရာ အနာယုဟနံ နိဗ္ဗာနံ -လို့ ဟောတော်မူပါတယ်။
ပြုလုပ်ကြည့်ပါလား၊ ပြုလုပ်မှုတွေ ဖြစ်လာမှာပေါ့။"
"ဖြစ်ဖြစ်သမျှ, ဇာတိဒုက္ခတဲ့
မှတ်လိုလျှင် မှတ်ကြည့်ပါလား။ ပွါးလိုလျှင် ပွါးကြည့်ပါလား။ မှတ်တော့မှတ်စိတ်ဖြစ်မှာပေါ့။
လောကီ သင်္ခတတရားက ပြုပြင်ပေးမှ ဖန်တီးပေးမှဖြစ်တာပါ။ သဗ္ဗေသင်္ခါရာ အနိစ္စာ ဒုက္ခာ အနတ္တာလို့ ဟောတော်မူပါတယ်။
ထွေထွေ လာလာ ဘာဘာ ညာညာ အရာရာကို ကြံစီမှ စိတ်ကူးမှ စိတ်တွေဖြစ်လာတာ မှန်ဘူးလား။
စိတ်မကူးမှီက စိတ်ကူးမဲ့စိတ်တွေ ရှိမနေနှင်တာ မမြဲမရှိတာ မမှန်ဘူလား။
အမြဲမရှိတာ မှန်ပါတယ် ငြင်းကွယ်လို့မရပါဘူး။
မရှိတော့ မရှိတဲ့အတိုင်းထားတော့ မအေးပေဘူးလား-မငြိမ်းပေဘူလား။
အေးငြိမ်းတာ မှန်ပါတယ်။
အေးငြိမ်းတာ အပြင်မှတပါး၊ နိဗ္ဗာန်ရယ်လို့ တခြားမရှိပါဘူး။
ကြံစီကြည့်ပါလား။
ကြံစီတော့ ကြံစီတဲ့စိတ်တွေ၊ ကြံတိုင်းကြံတိုင်း ဖြစ်၊ ဖြစ်တိုင်းဖြစ်တိုင်း ပျက်။
အောက်မေ့တော့ အောက်မေ့တဲ့ စိတ်တွေ အောက်မေ့တိုင်းအောက်မေ့တိုင်းဖြစ်၊ ဖြစ်တိုင်းဖြစ်တိုင် ပျက်။"
" မှတ်တော့ ပွားတော့ အားထုတ်တော့ အားထုတ်ပွားများ၊ မှတ်သားစိတ်တွေ ဖြစ်ကြရော့။
ဖြစ်ကြတော့ ဖြစ်တိုင်းဖြစ်တိုင်းပျက်ကြကုန်ရော။
ကဲကဲ- ရှာကြံပွားများ မှတ်သားတဲ့စိတ်တွေ ဖြစ်သမျှ ပျက်ကြမဲ့အတူတူ-
မရှာတော့ဘူး မကြံတော့ဘူး၊ အအောက်မေ့တော့ဘူးဆိုပြီး- အလျှော့ပေး-အရှုံပေး-စွန့်ရေး လွှတ်ရေးလုပ် လိုက်ပါက၊ လွှတ်ရေး ကျွတ်ရေး မရပေဘူးလား။
ယခုတော့ ကိုယ်အစွမ်းကောင်း- ငါ့အစွမ်းကောင်းလုပ်ပြီး၊ အတ္တ""အနေနှင့် ဖြစ်ပျက်နှစ်တန်ကို ခုခံတိုက်ခိုက် နေကြတယ်။
သတိရှိကြစေ
မကောင်းမှုရေးရာနှင့် စပ်ယှဉ်တဲ့ စိတ်တွေကလဲ၊ မိမိ-မိမိတို့ရဲ့ သဏ္ဍာန်မှာ အမြဲမရှိတာမှန်တယ်။ မှန်ပါတယ် ငြင်းကွယ်လို့မရပါဘူး။
အလွယ်ဆုံးကတော့
ခိုးမဲ့စိတ် ၀ှက်မဲ့စိတ် ဒမြတိုက်မဲ့စိတ်၊ ပစ္စည်းယူ လူသတ်မဲ့စိတ်တွေ တကာ-တကာမ တို့ရဲ့စိတ်မှာအမြဲရှိနှင့်ပါသလား။
မရှိတာမှန်တယ်
ခိုးချင် ၀ှက်ချင် လုယက် သတ်ဖြတ်ချင်တဲ့စိတ်တွေ မိမိ-မိမိတို့ရဲ့ စိတ်မှာ သပ်ကြီးလျှိုထားသလို အမြဲပကတိ ရှိနေရိုးမှန်လျင်-"
"ဘုရားသွား ကျောင်းတက် ကောင်းဘက်ကို အာရုံပြုမှုတွေ ဖြစ်နိုင်ပါအုံးမလား။
ရောင်းရေးဝယ်တာ အဖြာဖြာသော ပြောမှု ဆိုမှု တွေ ဖြစ်နိုင်ပါအုံးမလား၊
ဒါန၊ သီလ၊ ဘာဝနာ၊ အစု၊ လောကီသင်္ခါတ မှုတွေ ဖြစ်နိုင်ပါအုံးမလား။
ခိုးဝှက်လုယက် တိုက်ဖျက်မဲ့ စိတ်တွေကိုက အမြဲမရှိတာမှန်လို့၊ ဒါန သီလ ပစာယန ဝေယျာဝစ္စ သုစရိတ အမှုတွေ ပြုလုပ်ခွင့်ရတာ မှန်ပါတယ်။
မကောင်းဘက်နှင့် စပ်ယှက်တဲ့ လောဘ ဒေါသ မောဟ တရားတွေကိုက အမြဲမရှိတာ မှန်ပါလျက် အမြဲရှိတယ်လို့ အသိမှား အမှတ်မှား အယူမှားကြပြီး၊ လောဘကုန်အောင်၊ ဒေါသကုန်အောင်၊ မောဟကုန်အောင် ကြံဆောင်အားထုတ် ပြုလုပ်ကျင့်မှားမနေကြဘူလား။
"" အမြဲမရှိတာ တွေ့အောင်ရှာပါလေ။
ရုပ် နှင့် နာမ်
စဉ်းစား ကြည့်ရှု သတိပြု
တရားတခု ပွားရှုရာဝယ်၊ ရုပ်နာမ် ဖြစ်ပျက်ကိုဘဲ့ ပွားရှု ရပါတယ်။ ဖြစ်ပြီး ပျက်တာကို- စိတ်ချ- လက်ချ ယုံကြည်မှု ရအောင်ရှုလိုက်ပါ ။ ထိုကဲ့သို့ယုံကြည်မှုရပြီးတဲ့နောက် အမြဲမရှိတာ တွေ့အောင်ရှာပါ၊ အဲဒီလို အမြဲမရှိတာ မရှာဘဲ ဖြစ်ပျက်တာ တွေကိုသာ ဆက်ပြီးရှုတော့ အရှုခံတဲ့ ရုပ်နာမ် တွေကလဲ ဖြစ်ပျက်၊ အရှုခံ ရုပ်-နာမ်တွေရော၊ ရှုတဲ့စိတ်ကရော၊
""ဖြစ်ကာ-ပျက်ကာ စင်္ကြာလို လည်မနေကြပေဘူးလား၊ တသက်လုံးထိုင်းရှု- ထရှု သော်လည်း ရှုမှုတွေဆုံးကြပါမလား။
မဆုံးတာအမှန်ပါတယ်
ဒါကြောင့် - လယ်တီဆရာတော်ဘုရားကြီးက - ဖြစ်မဆုံးနိုင်ဘူး၊ ခေတ်သုံးနောင်တွေမှာ ရောင်ပေပေ အကောင်ကြီးနှယ် မှေင်မိနိုင်ကော-လို့ ရေးခဲ့ ဟောခဲ့ တာပေါ့။ ဒါကြောင့် ဘုန်းကြီးတိုကလဲ ရုပ်နာမ် ဟူသမျှ ဖြစ်ပျက် ၊ ဖြစ်ပျက်ကိုက အမြဲမရှိဘူးလို့ ဟောခဲ့တယ်။
တရားရှုတော့ ရှုတဲ့စိတ်ကိုက ဖြစ်ပျက်၊ ဖြစ်ပျက်မဲ့စိတ်ကိုက အမြဲမရှိ၊ ပင်ကိုကမရှိ အစကမရှိ၊ ပကတိ ကွက်လပ်၊ ကွက်လပ်လို့ ခေါ်တယ်။
တွေးစရာ ကြံစရာ အောက်မေ့စရာ ထဲ့မပေးဘဲ စိတ်ကို လုံးဝအသုံးမချဘဲ၊ စိတ်ကို စိတ်အတိုင်းထား။
အဲဒီဟာ- ကျောက်သဘောင်္တရား ပါဘဲ့။
အယုံသေးလျှင်
တွေးစရာထဲ့ပေးတော့ တွေမှုတွေ ဖြစ်လာမှာပေါ့ ဖြစ်လာတာ-ဓမ္မစင်္ကြာက ဇာတိပိဒုက္ခာတဲ့ ကြံစရာတွေ ထဲ့ပေးတော့ ကြံမှုတွေ ဖြစ်မလာပေဘူးလား အောင့်မေ့စရာတွေထဲ့ပေးတော့ အောင့်မေ့မှုတွေဖြစ်မလာပေဘူးလား။"
" ဖြစ်လာတာ မှန်ပါတယ်၊ ငြင်းကွယ်လို့ မရပါဘူး၊ ဖြစ်လာတာ ဟူသမျှ ဓမ္မစင်္ကြာက "" ဇာတိပိဒုက္ခာ"" တဲ့
ဇာတိဖြစ်မှုတွေ ဇရာ-မရဏ- သောက-ပရိဒေ၀ ဒုက္ခ- ဒေါမနဿ-ဥပယာသ စသည့်ဆင်ပွါး ထိုတရားတွေ ဖြစ်ကြပါရော။
ဟိုဟို ဒီဒီ အလီလီ ကြံစီမှုတွေ၊ ဟုတ်ဟုတ် မှန်မှန် မှားမှား ဖြစ်ပျက်မှန်ငြား လောကီတရားကို၊ သိတတ်တဲ့ အသိတွေ၊ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အသိတွေ ဖြစ်ပေါ်သမျှ၊ ဇာတိဒုက္ခလို့ မြင်ပါ။
ထိုထို ဤဤ အလီလီ ဖြစ်ပေါ်မှုတွေ (မနော) မှာ မဖြစ်ပေါ်မှီက မပေါ်ပေါက်မှီက "" မပေါ်ပေါက်ဘဲနေတာကို "" မြင်အောင်ကြည့်ပါ။ အဲဒါဟာ မဂ္ဂင်အကျင့်ပါဘဲ့။ ပါဋ္ဌိလို"" ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါ"" ခေါ်တယ်။
ဖြစ်ဖြစ်သမျှ ဒုက္ခသစ္စံ၊
ဖြစ်လိုမှုက - သမုဒယံ။
အလိုသိမ်းမှ - ငြိမ်းအေးနိဗ္ဗာန်။
ငြိမ်းအေးမှု - ပွါးရှုမဂ်သစ္စံ ။ "
" ၀ိပဿနာ-ဓမ္မကတိက
ဦသြသဓ-၏
အတ္ထယောဇနာ
ဥဒါန်းလွှာ
"" အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒ၀ယဓမ္မိနော၊ ဥပ္ပဇ္ဇိတွာ နိရုံဇ္ဈ န္တိ၊ တေသံဝူပ သမော သုခေါ၊
ဝတ ဧကန္တေန၊ စင်စစ်အားဖြင့်၊ သင်္ခါရာ၊ တရားရှုမဲ့သဘောက မနောသင်္ခါရ၊ အပြောက၀စီ၊ ကိုယ်ထည်က ကာယ၊ သုံးပါးသောသင်္ခါရတို့သည်။ အနိစ္စာ အမြဲမရှိကုန်၊ အနိစ္စာမရှုမှီ မြင်အောင်ကြည့်၊ လဟာအတိ၊ ဘာမျှမရှိကုန်။ ဥပ္ပါဒ၀ယဓမ္မိနော၊ နေနိုင်လျှင်ရှုကြပေတော့၊ ပြုသမျှတော့ဖြစ်မှာဘဲ့၊ ပြီတော့လည်းပျက်မြဲ သဘောရှိကုန်၏။ ဥပ္ပဇ္ဇိတွါ၊ ရှုတော့လဲ ရှုစိတ်ဖြစ်၊ မှတ်တော့လဲ၊ မှတ်စိတ်ဖြစ်၊ ပွါးတော့လဲ ပွါးစိတ်ဖြစ်၍။ နိရုဇ္ဈ န္တိ ၊ မရှုမှီအတိုင်း ခုနှစ်နာရီမဆိုင်းဘဲ့ ချုပ်ကြလေကုန်၏။ တေသံ၊ သင်္ခါရသုံးပါး ထိုတရားတို့၏၊ ၀ူပသမော၊ မရှုတော့ငြိမ်းအေးကိန်းအမှန် ပြည်နိဗ္ဗာန်သည်ကား၊၊ သုခေါ ၊ ချမ်းသာလှပါပေ၏။ သုခေါ၊ စိတ်ကိုပင်စင်ပေး ၊ အအေးဆိုတာပင်ကိုယ်ရှိ၊ သိသူတွေ ဇိမ်ခံ ၊ ကလိန်ဥာဏ်မပန်းရှာတော့ဘဲ့၊ သြော် - ချမ်းသာလှပါပေတော့သတည်း။
------------------------
သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ယထာပညာယ ပဿတိ၊ အထနိဗ္ဗန္ဒိဒုက္ခေ၊ ဧသမဂ္ဂေါ ၀ိသုဒ္ဓိယာ၊
သဗ္ဗေ- ခပ်သိမ်းကုန်သော၊ သင်္ခရာ- တရားရှုမဲ့ သဘောက"" မနော"" သင်္ခါရ၊ အပြောက "" ၀စီ"" ကိုယ်ထည်က "" ကာယ"" ၊ သုံးပါးသော သင်္ခါရတို့သည်၊။ အနိစ္စာ အမြဲမရှိကုန်။ အနိစ္စာ မရှုမှီကလဲ့ ဘိတ်မရှိ ။ ရှုပြီးတော့လဲ"
" ဗလာနတ္ထိ၊ လဟာပြင် ကွက်လပ်အတိသာ ဖြစ်ကြလေကုန်၏။ ယဒါ- မရှုမှီ ဗလာအကြင်အခါ၌။ ပညာယ- သိမြင်ထင်လာ မဂ်ပညာဖြင့်။ ပဿတိ- လက်ပေါ်တင်ထား ပတ္တမြားကဲ့သို့ ထင်ရှားဧကန်အမှန် တွေ့မြင်ရလေ၏။ အထ- ထိုအခါ၌ ၊ ဒုက္ခေ- ရှုမှုမစဲ ၀ဋ်ဆင်းရဲ၌။ နိဗ္ဗိန္ဒတိ၊ မရှုမမြဲ ရှုမမြဲ ဟုဝေခွဲပြီး ငြီးငွေ့လာ၏။ ဧသဧသော- အရှုခံတရားတွေကလဲ ဖြစ်ပျက်၊ ရှုတဲ့စိတ်ကလဲ ဖြစ်ပျက်၊ ဖြစ်ပျက်နှစ်စုံ ဥာဏ်ကုန်သိသော သူသည်။ ၀ိသုဒ္ဓိယာ- မရှုမပွါး ကိုယ်အားစိတ်အား အငြိမ်းစားနေခြင်းငှါ၊ မဂ္ဂေါ- သိသောသူပါပေတည်း။မဂ္ဂေါ - လဟာပြင်ဆိုတဲ့ ဗိမာန်တွေဝယ် စိတ်အကြံတွေမရှိ ချုပ်ပြတ်ကင်း၍ သြော် ၀ိသုဒ္ဓိနတ်မင်း ဖြစ်ရလေတော့သတည်း။
ဟောစဉ် တတိယပိုင်း
ပဒမစ္စုက မစ္စ န္တံ၊ အသင်္ခတ မနုတ္တရံ၊
နိဗ္ဗာန မိတိ ဘာသန္တိ ၀ါနမုတ္တာ မဟောသယော။
အစ္စုတံ စုတိခြင်းမရှိသော။ အစ္စ န္တံ၊ စုတိဟု ဆိုအပ်သောအဆုံးကို လွန်သော၊ အသင်္ခတံ၊ ကံ-စိတ်-ဥ-ဟာ ကြောင်းလေးဖြာတို့သည်၊ မပြု မပြင် မစီရင်အပ်သော အနုတ္တရံ၊ မိမိထက်လွန်မြတ်သော တရားမရှိသော၊ ပဒံ၊ မဂ်တို့၏ အာရုံဖြစ်သော တရားကို၊ နိဗ္ဗာနမီတိ၊ နိဗ္ဗာန် ဟူ၍၊ ၀ါနမုတ္တာ၊ ၀ါနဟုဆိုအပ်သော တဏှမှ"
" လွတ်တော်မူ ကြကုန်ပြီးသော။ မဟေသယော၊ သီလက္ခန္ဓ၊ သမာဓိက္ခန္ဓ၊ ၀ိမုတ္ထိက္ခန္ဓ၊ ၀ိမုတ္ထိဥာဏ ဒဿနက္ခန္ဓ- တို့ကို ရှာမှီးတော်မူလေ့ ရှိကြကုန်သော မြတ်စွာဘုရားတို့သည်၊ ဘာသန္တိ၊ ဟောတော်မူကြကုန်၏။
နိဗ္ဗာန် ချမ်းသာကြီကို လွယ်လွယ် ကူကူနှင့် ရလိုရောက်လို မျက်မှောက်ပြုလိုသူများအတွက် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင် ဆိုတဲ့ တရားတော် ဒေသနာကို ဟောစဉ် တတိယပိုင်း အနေအားဖြင့် ဟောရခြင်းဖြစ်ပါတယ်။
သုဒုဒ္ဒသ သုနိပုဏ အတိဂန္ဘိရ ဖြစ်တဲ့တရားကြီးကို လွယ်ကူပါတယ်လို့ ဘာကြောင့် ဟောရပါတယ်လဲဆိုတော့ ဘုရားသာသနာတော်တွင်းလဲ ဖြစ်ပြန်၊ ၀ိမုတ္တိယုဂခေတ်ကြီးလဲ ဖြစ်ပြန်လို့ ဟောရခြင်း ဖြစ်ပါတယ်။
အတ္ထိဘိက္ခဝေ၊ အဇာတံ အဘူတံ အသင်္ခတံ နတ္ထိ၊ ပါဋ္ဌိတော်အရ၊ သတ္တ၀ါတိုင်းသတ္တ၀ါတိုင်းမှာ မူလပကတိ ပင်ကိုယ်သဘောအားဖြင့် ချုပ်ပြီးသာငြိမ်းပြီးသား အေးပြီးသားဆိုတဲ့"" နဂိုမူလ-နိရောဓ"" တရားကြီးမပြုမပြင် မစီရင်ရဘဲ ထင်ရှားဧကန် အမှန်အားဖြင့် ရှိပါတယ် ငြင်းကွယ်လို့ မရပါဘူး၊ အဲတာလို မိမိ-မိမိတို့မှာ မပြုမပြင် မစီရင်ရဘဲ ပကတိပင်ကိုယ်အားဖြင့် သူ့အလိုလိုထင်ရှားဧကန်သူ့သစ္စာအတိုင်း အမှန်ရှိနေတဲ့ထိုငြိမ်းသဘော အေး, သဘောကြီးကို သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း အလိုလို ရပါတော့လား ရောက်ပါတော့လား"
" ဆိုတော့။ မရောက်နိုင်-မရနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့၊ အာရုံပြုတတ်တဲ့- မျက်မှောက် ပြုတတ်တဲ့ အတတ်တခု လိုတေကြလို့ဖြစ်ပါတယ်။
သူ့သစ္စာအတိုင်းတိုင်းမဖေါက်မပြန် မြဲမြန်စွာ ပကတိ သဘောအားဖြင့် ထင်ရှားရှိနေတဲ့ ငြိမ်းသဘော အေးသဘောကြီးကို အာရုံပြုတတ်တဲ့ အတတ်၊ မျက်မှောက်ပြုတတ်တဲ့ အတတ်ပညာကို တတ်ခဲ့ပါလျှင် နိဗ္ဗာန်ရတယ် ရောက်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်၊။
နိဗ္ဗာန်ရတယ် ရောက်တယ်-ဟု ပြောဆိုတဲ့-စကားအရာမှာလဲ၊ အာရုံ အာရမ္မဏိက အားဖြင့်သာ ရောက်ခြင်း ဖြစ်ပါတယ်။ ဘယ်သူ ဘယ်ဝါ ဘယ်ဗြဟ္မာ ဘယ်နတ်မှ အထည်ဒြပ်နှင့်ရောက်ခြင်း မဟုတ်ပါဘူး"" ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယောတိ နိဗ္ဗာနံ"" လို့လာရှိတဲ့ ပါဋ္ဌိတော်အတိုင်း၊ ကိလေသာဟူ အပူခပ်သိမ်းတို့ရဲ့ ပကတိ သဘောအားဖြင့် ကုန်ပြီးသား ခမ်းပြီးသား ချုပ်ပြီးသား ငြိမ်းပြီးသား အေးပြီးသား သဘောကြီးကို နိဗ္ဗာန်လို့ ခေါ်ပါတယ်၊ ရှိပြီးသား ကိလေသာတွေ ကုန်အောင် ခမ်းအောင် အားထုတ်ပြစ်လို့ ကုန်ပြီးခမ်းပြီး နိဗ္ဗာန်ကြီးက ပေါ်လာမှာ မဟုတ်ဘူး။
ပကတိအားဖြင့် ကိလေသာဟူ အပူခပ်သိမ်းတို့ရဲ့ ကုန်ရာ ခမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကို မြင်မှ ကုန်မှာ ခမ်းမှာ ဖြစ်ပါတယ်။
အမြဲရှိတာက နိဗ္ဗာန်
အမြဲမရှိတာက ရုပ်-နာမ်"
" တနည်းအားဖြင့်
မြဲ- သဖြင့်ရှိတာက နိဗ္ဗာန်
မမြဲ- သဖြင့်ရှိတာက ရုပ်နာမ်
ငါ့မှာ သူ့မှာ ကိလေသာတွေ လုံးဝမရှိဘူး- ဟူ၍ ဒီစကားကိုလည်းမသုံးပါနှင့် အယူလည်းမရှိပါနှင့်။
ကိလေသာ- ဆိုတာအမြဲလည်းမရှိဘူး ရှိလာတော့လည်း မမြဲဘူး။ ဒီစကားကိုတော့ သုံးလည်းသုံးပါ ယူလည်းယူပါ။
ဟေတုံ ပဋိစ္စသမ္ဘူတာ ဟေတုသင်္ဂါနိရုဇ္ဈရေ ဟူ၍ ၎င်း၊ သင်္ခတာဓမ္မာ နာမပစ္စယေ သတိဇာယန္တိ အသတိနဇာယန္တိ ဟူ၍ ၊ ပရမတ္ထဒီပနီ ဋီကာမှ လာသည့်အတိုင်း ကိလေသာ-ဆိုတာဖြစ်ဘို့ရန် အကြောင်းရှိမှ အကြောင်းတွေစုံညီမှ ဖြစ်တဲ့အမျိုးပါ၊ ဋ္ဌါနကာလရပ်ဒေသအားဖြင့် ဘယ်နေရာမှာ ရှိနေပါတယ်လို့ အဟုတ်စင်စစ်ကတော့ ညွှန်ပြခြင်းငှါ မထိုက်ပါဘူး၊ မျက်စိထဲမှာရှိတယ်၊ အဆင်းထဲမှာ ရှိတယ်လို့ မဟောခဲ့ပါဘူး။
စက္ခုရူပေန သံဝါသာ ရာဂပုတ္တံ ပိဇာယတိ၊ စက္ခုနှင့်- ရူပါရုံ အကြောင်းဆုံတဲ့ အခါမှာ ဖြစ်တယ်လို့တော့ အပ္ပက- နည်းအားဖြင့် ဟောကြားတော်မူခဲ့ပါတယ်။
တနည်းအားဖြင့်လဲ
စက္ခုံ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံသင်္ဂတိ ဖေဿာဖဿ ပစ္စယာ၊ ဝေဒနာ ဝေဒနာပစ္စယာ တဏှာလို့ တဏှာဖြစ်ပုံကို အသေအချာဟောတော်မူခဲ့ပါတယ်။"
" ဒီ-ဒေသနာတွေ ကြည့်ရှုရသဖြင့်၊ ရာဂ ဒေါသတွေ မိမိ-မိမိသဏ္ဍာန်မှာ အမြဲရှိနေကြောင်း ထင်ရှားပါတယ်၊ ရာဂဒေါသအစရှိသော ကိလေသာတို့ရဲ့သဘောလက္ခဏာဆိုတာ၊ သာမညလက္ခဏာနည်းနဲ့ ဟောရလျှင် (၀ါ) နိဗ္ဗာန်ရောက်ရန် နီးကပ်သော လက္ခဏာဥာဏ်နှင့် ဟောရလျှင်
( ဣမသ္မိံ သတိ ဣဒံ ဟောတိ)
အကြောင်းရှိလျှင်-ရှိတယ်။
(ဣမသ္မိံ အသတိ ဣဒံ နဟောတိ)
အကြောင်းမရှိလျှင်-မရှိဘူး
အမြဲလဲ-မရှိဘူး
ရှိလာတော့လဲ-မမြဲဘူး
အမြဲမရှိဘူး ဆိုတာ
နဂိုက-မရှိဘူး
အစက-မရှိဘူး
မူလက မရှိဘူးဟု ဆိုလိုရင်းဖြစ်တယ်၊ ဖြစ်ပြီး ပျက်စီးသွားလို မရှိဘူးဟု ဆိုလိုရင်း မဟုတ်ဘူး။
ဖြစ်ပြီး ပျက်စီးသွားလို့ မရှိဘူးဆိုတာကတော့ လူတိုင်းလောက်ဘဲ သိနေကြပါတယ်။
အဲတာလို အစက-မရှိ
မူလက-မရှိ"
" ပင်ဂိုက မရှိလေတော့-
မရှိလျှင် မရှိတဲ့ပင်ဂိုငြိမ်း ငြိမ်တဲ့အတိုင်းတိုင်း ကျင့်သုံးနေထိုင်ကြရတယ်။ ကျင့်သုံးနေထိုင်တတ်တဲ့ အတတ်ပညာကို တတ်ရပါတယ်။
သို့-ပကတိ ပင်ဂိုသဘောအားဖြင့် ငြိမ်းပြီသားတရားကြီး မဖေါက်မပြန် မြဲမြန်စွာရှိသောလဲ၊ ဧကန္တသုခဟု သတ္တ၀ါတိုသည် မသိကုန်မူ၍၊ ထို့ထက်တိုးတမျိုးချမ်းသာ ရှိလိမ့်နိုးနိုး ထင်အားကိုပြီး အမျိုးမျိုးရှာကြံပြုလုပ် အားထုတ်နေကြပါတယ်၊
ရှေ့တိုး သင်္ခါရမျိုးသာရှိ၏
ရှေ့တိုး ဒုက္ခမျိုးသာရှိ၏
ရှေ့တိုး ဖြစ်ပျက်မျိုးသာရှိ၏ဟု မသိကြကုန်။
ဤကဲ့သို့ မသိကြကုန်သောကြောင့် ။ ကိုယ်စွမ်းငါစွမ်း တွေထုတ်လျှက်၊ အမြဲလဲမရှိ-ရှိလာတော့လဲ မမြဲတဲ့ ကိလေသာတွေကို အမြဲရှိထားပြီး ကုန်အောင် ခမ်းအောင် ချုပ်အောင် ငြိမ်းအောင်ပြုလုပ်နေကြပြန်ပါတယ် အဲဒီ နည်းဟာ မမှန်ကန်ပဘူး။
မှန်ကန်တဲ့ နည်းကတော့
ပင်ဂိုငြိမ်လျှင် ငြိမ်းတဲ့ အတိုင်းတိုင်း နေရတတ်ပါတယ်။ မရှိလျှင် မရှိတဲ့ မူလ အတိုင်းတိုင်း ကျင့်သုံး နေထိုင်တတ်တဲ့ အတတ်ပညာကို မိမိက တတ်ထားတော့ အကြောင်းအားလျှော်စွာ ဖြစ်ပေါ်လာမည့် ကိလေသာတွေဟာ၊ ဖြစ်ခွင့် မရတော့ဘဲ ပင်ဂိုငြိမ်း ငြိမ်တဲ့"
" အတိုင်းတိုင်း ငြိမ်လျှက်သာ ဖြစ်နေကြပါတယ်။ အဲတာကို၊ မဂ်က အနုသယ ကိလေသာကို သတ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ပင်ဂိုငြိမ်း၊ ငြိမ်းတဲ့ အတိုင်းတိုင်း နေကြပါတော့လား။ ဒီအတိုင်းတိုင်းရှိတဲ့ နိဗ္ဗာန်ကို ဒီအတိုင်းတိုင်း မျက်မှောက်ပြုလိုက်ပါတော့လာဟု
နိဗ္ဗာန်က ထင်ရှားရှိလေတော့ ၊
ထင်ရှား ရှိသလိုဘဲ ဟောခဲ့ပါတယ်။
ပင်ဂိုငြိမ်းကို၊ သဘောပေါက်အောင် ရှင်းပြပါအုံးမယ်၊
ယ္ခု တရားနာလာကြတဲ့ ပရိဿတ်တွေ၊ ဆရာတော်က မေးမယ် ဖြေကြစမ်းပါ။
မိမိ-မိမိတို့ရဲ့ သဏ္ဍာန်မှာ၊ လောဘခေါ်တဲ့ သူတပါးပစ္စည်းကို မတရား လိုချင်မှုတွေ အမြဲရှိကြပါလား။ အမြဲမရှိတာ-ဧကန်မှန်ပါတယ်၊ ငြင်းကွယ်လို့ မရပါဘူး။ မရှိလျှင် မရှိတဲ့ အတိုင်းတိုင်းနေရတယ်။ ရှိအောင် လုပ်မပေးနှင့်၊ ထူထောင်မပေးနှင့် ။
အမြဲရှိရာက နိဗ္ဗာန်၊
သိတာက မဂ်ဥာဏ်၊
ရှိအောင်လုပ်ချင်တာက သမုဒယံ။
ရှိလာတာက ဒုက္ခံ ခေါ်တယ်။
"" ဒေါသ' ခေါ်တဲ့ သူတပါးဆဲချင်မှု ဆိုချင်မှု ရိုက်ချင်မှု-နှက်ချင်မှုတွေ၊ မိမိ-မိမိတို့မှာ အမြဲမပြတ် ဒလစပ် ဖြစ်နေကြပါသလား"
" အမြဲမဖြစ်တာ ဧကန်မှန်ပါတယ်၊ အမြဲမဖြစ်တော့ အပြစ်ကင်းနေတယ်၊ အဖြစ်ရှင်းနေတယ်၊ အဖြစ်ကုန်နေတယ်၊ အဖြစ်ခမ်းနေတယ်၊ အဖြစ်ချုပ် အဖြစ်ငြိမ်းနေတယ်။
မဖြစ်တော့ မဖြစ်တဲ့ အတိုင်းတိုင်းနေ၊ ဖြစ်အောင်လုပ်မပေးနှင့်၊ ထူထောင် မပေးနှင့်၊ ပြုပြင်မပေးနှင့်။
အဖြစ်ကင်းရာက နိဗ္ဗာန်
သိတာက မဂ်ဥာဏ်
ဖြစ်ချင်တာက သမုဒယံ
ဖြစ်လာတာက ဒုက္ခံခေါ်တယ်။
စိတ် အမြဲ မရှိပုံ
ငါ, သူတပါးကို- သတ်လိုက်မဟဲ့- ထိုးလိုက်မဟဲ့ ခုတ်လိုက်မဟဲ့ဆိုတဲ့ကြံစည်တဲ့စိတ်တွေ၊ တွေးတောနေတဲ့ စိတ်တွေ မိမိ-မိမိတို့ရဲ့ သဏ္ဍာန်မှာ အမြဲရှိနေကြပါလား။
အမြဲမရှိတာ ဧကန် မှန်ပါတယ်
မမြဲမရှိတာက နိဗ္ဗာန်
သိတာက မဂ်ဥာဏ်
ကြံစည်လိုတာက သမုဒယံ
ကြံစည်နေတာက ဒုက္ခံခေါ်တယ်
ငါ-သူ-တပါးရဲ့ ပစ္စည်းဥစ္စာ ရတနာ ရွှေငွေ ဆန်ရေစပါး ကျွဲ,နွား, ဆင်,မြင်း, လုပ်ခင်းလယ်ယာ အဖြာဖြာသောစည်းစိမ်တွေကို မတရားသဖြင့်ရအောင်ဟဲ့လို့ "
" ဆိုတဲ့ ကြံစည်မှုတွေ တွေးတောမှုတွေ အမြဲရှိနေကြပါသလား။
မရှိတာဧကန် မှန်ပါတယ်။
မရှိရာက နိဗ္ဗာန်။
သိတာက မဂ်ဥာဏ်။
ကြံစည်လိုတာက သမုဒယံ။
ကြံစည်ရတာက ဒုက္ခံခေါ်တယ်။
ဝဋ်ထဲ လည်ချင်လျှင်၊ ဒုက္ခနှင့် သမုဒယသစ္စာ နှစ်ပါးကို ကျိုးစား အားထုတ်ကြလေ။ ၀ဋ်အတွင်းက လွတ်ကင်းလိုလျှင်၊ "" နိရောဓနှင့်-မဂ္ဂသစ္စာ"" နှစ်ပါးကို ကျိုးစား အားထုတ်လေ။
၁။ အလုံးစုံသောသင်္ခတ တရားစုတို့သည်။ မဖြစ်မှီက လဲမရှိဘူး
၂။ ဖြစ်လာတော့လဲ ပျက်တယ်
၃။ ပျက်ပြီးနောက်လဲ ပျောက်ကွယ်လို့ မရှဘူး
အဲဒါ နိဗ္ဗာန် ခေါ်ပါသလား
မဟုတ်ပါ။
အဲဒါလို၊ လောဘ ဒေါသ စတဲ့ သင်္ခတ တရားတို့ကို ဟုတ်မှန်စွာမြင်လို့၊ ပကတိအတိုင်း ငြိမ်းရာကို သိလာပါတယ်။ အဲဒါ ငြိမ်းရာဟာ နိဗ္ဗာန်ပါဘဲ။
တနည်းအားဖြင့်
ငါ့မှာ လောဘ-ဒေါသတွေ အမြဲရှိတယ် ထင်လျှင် မှားတယ် အဲဒါ "" ဆက်မှား""
ငါ့မှာ၊ လောဘ-ဒေါသတွေ လုံးဝမရှိဘူး ထင်လျှင်မှားတယ် အဲဒါ"" ပြတ်မှား""။"
" အမှန်ကတော့ လောဘ-ဒေါသဆိုတာ မဖြစ်မှီကလဲ မရှိဘူး။ ဖြစ်လာတော့လဲ ပျက်တယ်။ ပျက်ပြီးနောက်လဲ ပျောက်ကွယ်တယ်။ လောဘ-ဒေါသဆိုတာ၊ ပြုပြင်ပေးမှ ဖြစ်တဲ့ အမျိုးပါကလားဟု ပိုင်ပိုင်နိုင်နိုင် သိလာတော့ ဖြစ်ပေါ်လာအောင် တမင်ပြုပြင်ပေးလိုမှုရဲ့ ပကတိငြိမ်းရာအမှန် ဧကန်ရှိပါတယ်၊ အဲဒါ နိဗ္ဗာန်စစ်စ်ပါဘဲ
( ခယ နီရောဓ မတ္တံ နိဗ္ဗာနံ နာမ နဟောတိ)
ပြုပြင် သမျှ သင်္ခါရ
ပင်ဂိုငြိမ်း-ငြိမ်းတဲ့ အတိုင်းတိုင်း မနေကြဘဲ၊ ဘယ်လိုများ ပြုလုပ်ချင်ကြသေးသလဲ၊ လုပ်ချင်သေးက လုပ်ကြလေ။
ကိုယ်နှင့် ပြုလုပ်သည်ဖြစ်စေ
နှုတ်နှင့် ပြုလုပ်သည်ဖြစ်စေ
စိတ်နှင့် ပြုလုပ်သည်ဖြစ်စေ
လုပ်ချင်တာနှင့် လုပ်ကြလေ။ ပြုလုပ်လျင် ဘာသဘောတွေဖြစ်လာမလဲ၊ ဘာမျိုးတွေဖြစ်လာမလဲ ဆိုတော့ ပြုလုပ်လျှင်တော့
ဒုက္ခ မျိုးသာ ဖြစ်ရတယ်
သင်္ခါရ မျိုးသာဖြစ်ရမယ်
ဖြစ်-ပျက် မျိုးသာဖြစ်ရမယ်
မမြဲတဲ့ အမျိုးသာဖြစ်ရမယ်
သစ္စာဒေသနာ နည်းနှင့် ဟောရလျှင်။နဲနဲကလေးမျှ မလွဲဘူး၊ အဟုတ်ဧကန် တကယ်မှန်ရမယ်၊ အဲဒီ သင်္ခါရ"
" မျိုးတွေကိုတော့ အလျှော့ပေးကြ အရှုံပေးကြ စွန်ရေး လွတ်ရေး လုပ်ကြ၊ ဒါမှ လွတ်ရေး ကျွတ်ရေး ရကြမှာ ဧကန်ဖြစ်တယ်။
နိဗ္ဗာန်ဆိုတာ
သန္တိသုခမျိုး
အသင်္ခတမျိုး
သင်္ခါရနိရောဓမျိုး
အနုပ္ပါဒ နိရောဓမျိုး
ဗမာလိုကတော့
ငြိမ်းအေးတဲ့ အမျိုး၊ မပြုမပြင်အပ်တဲ့ အမျိုး၊ ပြုပြင်မှုချုပ်တဲ့ အမျိုး၊ ဖြစ် ပျက် ကင်းတဲ့ အမျိုး၊ ကိလေသာဟူ အပူခပ်သိမ်း ဘယ်တော့ ဘယ်ခါ ဘယ်ကမ္ဘာမှ မဖြစ်တဲ့ အမျိုး၊ အရင်တုံးကလဲ မဖြစ်ခဲ့ဘူး၊ ယခုလဲ မဖြစ်ဘူး။ နောက်လဲ မဖြစ်လာလိမ့်မည် မဟုတ်ဘူး။ အလိုလို ချုပ်ငြိမ်းနေတဲ့အမျိုး။
အလိုလို ချုပ်ငြိမ်းရာကို အလိုလို သိလိုက်ရတယ်။ မျက်မှောက်ပြုလိုက်ရတယ်။ ယခုတော့ ဒီလိုက မဟုတ်ကြတော့ဘူး။ ကိုယ်စွမ်းကောင်း ငါစွမ်းကောင်နှင့် ပြုလုပ်ပြီးမှ ကိုယ့်နိဗ္ဗာန် ကိုယ်စံမလို့ ချိန်နေကြတယ်။ ငါ့နိဗ္ဗာန် ငါစံမလို့ ချိန်နေကြတယ်။
' အသင်္ခတ' ဆိုတဲ့ ပါဋ္ဌိကို သဘောမပေါက်ရှာကြဘူး။ အဲဒီ ပါဋ္ဌိကို နားမလည်းသမျှ ပြုလုပ်အားထုတ်လျှင်"
"တော့၊ "" သင်္ခတ-သင်္ခါရ"" မျိုးဖြစ်မှာ ဧကန်မှန်ပါတယ်။ လောကီ သင်္ခတ- မျိုးဆိုလျှင်၊ ကောင်းတယ် ဆိုးတယ် မွန်တယ် မြတ်တယ်လို့ ရွေးချယ်မနေပါနှင့်။
ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုး ဖြစ်လာပါက ပျက်စီးရလို ဒုက္ခ-ဟု မုချမှတ်ပါ။
ဒုက္ခဆိုတာ ဆင်းရဲတာ၊ ပင်ပန်းတာ၊ အကောင်းကင်းတာ။ အကောင်းမရှိတာ၊ စက်ဆုတ်စရာ၊ ရွံစရာ၊မုံးစရာ၊ ငြီးငွေ့စရာတွေကို ခေါ်ပါတယ်။
တော လေးဆယ် ကမ္မဋ္ဌာန်းထဲမှာလဲ၊ ဒုက္ခတော၊ ဘယတော၊ ဣတိတော၊ ဥပ္ပဒ္ဒ၀တော၊ စသည်အားဖြင့်(၂၅)ပါးတောင် ဟောထားခဲ့ပတယ်။ အခြားနေရာဋ္ဌာနတွေမှာလဲ။ အရာဋ္ဌာန အားလျော်စွာ ဟောကြားခဲ့တဲ့ ဒေသနာတော်တွေ အများကြီးရှိပါတယ်။
ဒုက္ခ ဟောရတယ်ဆိုတာ၊ အလိုလို ပကတိအားဖြင့် ငြိမ်းလျှင် ငြိမ်းတဲ့ အတိုင်းတိုင်း မနေတတ်သူတွေ မနေချင်တဲ့သူတွေအတွက် ဟောရခြင်း ဖြစ်ပါတယ်။

ဥပမာ- ၊ သားကို ချစ်ခင်သော မိခင်သည်၊ မိမိ- ရင်၌ဖြစ်သောသားကို၊ ဟဲ မေ့မေ့သား အစွန်းမထိုင်နှင့်၊ အစွန်းကိုထိုင်က ကျတတ်တယ်၊ ဟဲ့ဟဲ့ လူကလေး ဓါးကိုမကိုင်နှင့်၊ ဓါးကို ကိုင်က ရှ, တတ်တယ်လို့ ဆိုဆုံးမသည့်ပမာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ချစ်သား ချစ်သ္မီးတို့ ပကတိအလိုလို ငြိမ်းလျှင် ငြိမ်းတဲ့ အတိုင်းတိုင်း ကျင့်သုံးနေထိုင်ကြ၊"
" ကိုယ်ဖြင့်လဲ မပြုပြင်ကြနှင့်
နှုတ်ဖြင့်လဲ မပြုပြင်ကြနှင့်
စိတ်ဖြင့်လဲ မပြုပြင်ကြနှင့်
ပြုပြင်လို့ကတော့……
ပြုပြင်တိုင်း ပြုပြင်တိုင်းဖြစ်
ဖြစ်တိုင်း ပျက်လိမ့်မယ်
ကောင်းတာ ပြုပြင် ပြုပြင်၊ ဆိုးတာပြုပြင် ပြု ပြင်၊ ပြုလျှင်တော့ဖြစ်မှာမလွဲ။ ဖြစ်လျှင်တော့ ပျက်မှာဘဲဟု မလွဲဧကန် အမှန်အားဖြင့် ဟောကြားတော်မူခဲ့လေသည်။
( မိဘစကား နားမထောင်-သားကောင်နှင့် တိုးလို့ တွဲလဲ)ဆိုတဲ့ လောကစကားလို၊ မနေနိုင်လျှင်တော့ မိမိတို့ ကြိုက်သလို အလိုအထိုက် ပြုလုပ်ကြပေတော့၊ ဆရာတော်တို့က မကန့်ကွက်ပါဘူး မနှောက်ယှက်ပါဘူး ကန့်ကွက်တယ် နှောက်ယှက်တယ်လို့လဲ မယူဆစေလိုပါဘူး။
တရားကို တရားအတိုင်း ဟုတ်မှန်စွာ ဟောရမှာဖြင့် လောကီ သင်္ခတ တရားတွေရဲ့အပေါ်။ ကေင်းတာဘဲ ပြုလုပ်ပြုလုပ်။ ဆိုးတာဘဲ့ ပြုလုပ်ပြုလုပ်။ လုပ်သမျှကတော့ ဒုက္ခသာမှန်တယ်။ လုပ်သမျှတွေ အပေါ် အကောင်းထင်လျှင်တော့ သမုဒယ,သာ မှန်တယ်။ ၎င်း သစ္စာနှစ်ပါးထက် ပိုလို့တော့ မဖြစ်ဘူး။
ယံကိဉ္စဒုက္ခံသမောတိ
သဗ္ဗံအာရ ဗ္ဘ ပစ္စယာ
အာရ ဗ္ဘနံ နိရောဓေန
နတ္ထိဒုက္ခဿ သ မ္ဘဝေါ
ဧတၳဟိကမၼံ အာရေ မၻာတိ အာဂတံ
ကတၳစိေပါတၳေက အာရေ မၻာတိ အာဂတံ။
(အဋ္ဌသာလိနီ အဋ္ဌကထာ၊ စာမျက်နှာ- ၁၆၉ )"
" ဆိုလိုတာမတော့၊ လုပ်သမျှ ဒုက္ခချည်းဘဲ၊ ဒါဖြင့်-ဒုက္ခမဖြစ်အောင် ဘယ်လိုနေရမလဲလို့ မေးစရာ ရှိပါတယ်။ အလိုလို အဖြစ်ကင်းရာကို အလိုလိုမြင်ပါဟု ဖြေရမှာဘဲ့။
တနည်းအားဖြင့်
လောကီ အာရှုံနှင့်-စိတ်နှင့် မထိစေနှင့်၊ စိတ်,စိတ်အတိုင်းထားပါ၊ ကိလေသာဆိုတာ၊ ပင်ဂိုက မရှိလေတော့၊ မရှိ-မရှိတဲ့ အတိုင်းတိုင်း နေတတ်ထာကို မဂ်အကျင့်လို့ ခေါ်တယ်၊ မဖြစ်အောင်လဲ တမင်ပြုလုပ် အားထုတ်နေရမှာလဲ မဟုတ်ဘူး ဖြစ်ပေါ်လာအောင်လဲ တမင်ပြုလုပ် အားထုတ်နေရမှာ မဟုတ်ဘူး။
ဘာကြောင့် ဒီစကားကို သုံးရသလဲဆိုတော့၊ ကိလေသာဆိုတာ၊ ဘယ်သူ့ သဏ္ဍာန်မှဘဲဖြစ်ဖြစ်၊ ဖြစ်ပြီးသားအနေနှင့်၊ အစုလိုက် အပုံလိုက် အခွေလိုက်၊ အူတွေ အသဲတွေ ရှိနေသလို၊ ရှိနေကြတဲ့ အမျိုးမဟုတ်ဘူး။ တိမ်နှစ်ခုဆတ်မှ လျှစ်စစ်ကလေးများ ပေါ်ထွက်လာသလို၊ အကြောင်းအားလျှော်စွာ ဘွားကနဲဖြစ်၊ လှစ်ကနဲ ပျောက်တဲ့ အမျိုးပါ။
ပျောက်ပျက်ပြီးတဲ့ နောက်မှာလဲ၊ အစုလိုက် အပုံလိုက် အခွေလိုက် ကျန်ရစ်ခဲ့တဲ့ အမျိုးမဟုတ်ပါဘူး။"
" ဖွဲကြမ်းနှင့် မီးနှင့် တွေ့လိုက်တဲ့အခါ၊ ငါးကိုဆီပူထဲထည့်ကြော်လိုက်တဲ့ အခါ အညော်ထွက်လာသည့်ပမာ အာဂန္တုက သဘာဝအနေနှင့် ဖြစ်ပေါ်လာတဲ့ အမျိုးတွေပါ၊
အစကလဲ မရှိဘူး
ရှိလာတော့လဲ မမြဲဘူး၊
မမြဲလို့ ရှိမနေရစ်ခဲ့ဘူး။
ဒီလိုဆိုလျှင် ဘာကျင့်နေစရာ လိုသေးသလဲ၊ ဒီအတိုင်းတိုင်း ရဟန္တာ ဖြစ်နေရုံရှိတာပေါ့လို့ တချို့ကငေါ့တော့တော့ ပြောစရာရှိပါတယ် ပြောလဲပြောကြတယ်။
"" ကိလေသာ"" ဆိုတာ နဂိုကမရှိလေတော့၊ ပင်ဂိုက မရှိလေတော့ မရှိ-မရှိတဲ့ အတိုင်းတိုင်း ကျင့်သုံးနေထိုင်တဲ့ အတတ်ပညာကို တတ်ရပါတယ်။ ၎င်းအတတ်ကိုဘဲ အလေ့အလာပြု၍ နေထိုင်ရပါတယ်။ ယခုတော့ နဂိုမရှိ မရှိတဲ့ အတိုင်းတိုင်းက နေတတ်ကြဘူး မနေနိုင်ကြဘူး နေလဲမနေချင်ကြဘူး။ မနေတတ် မထိုင်တတ်ကြတော့၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်၊ ဟိုလိုဖြစ်ချင်တယ်၊ ဒီလိုဖြစ်ချင်တယ်-နှင့်၊ အလိုတွေ အသာတွေ ရှုပ်ပွေလာကုန်ပါရော။ "" သမုဒယသစ္စာ"" လို့လဲ မယူရဲကြဘူး၊ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ တတ်ချင်ကြတာဘဲ။( သဗ္ဗဉ္စဒုက္ခံ အာသာမူလကံ ဟောတိ) လို့လဲ မသိကြတော့ဘူး။
အဲတာကို မသိတာက စထားတော့၊ ကောင်းတယ်ထင်တာကိုလဲ ပြုလုပ်တော့တာဘဲ။မကောင်းဘူးထင်
""တာကိုလဲ ပြုလုပ်တော့တာဘဲ၊ မိမိပြုလုပ်သမျှ-ဒုက္ခရယ်လို့ မသိကြတော့၊ သိကြပစေခြင်း အကျိုးငှာ-
ပြုပြုသမျှ ဒုက္ခသစ္စံ
ပြုလိုမှုက သမုဒယံ
အလိုသိမ်းမှ ငြိမ်းအေးနိဗ္ဗာန်
ငြိမ်းအေးမှု ပွါးရှုမဂ်သစ္စံလို့ ဟောခဲ့ပါတယ်
ကိုယ်-နှုတ်-စိတ် သုံးပါး ရှိရာတွင်
တပါးပါးနှင့် ဖြစ်စေ၊
နှစ်ပါးနှင့် ဖြစ်စေ၊
သုံးပါးလုံးနှင် ဖြစ်စေ၊
ပြုလုပ်လျှင် ဖြစ်ကြမှာ ဧကန်အမှန်ပါ၊ ဖြစ်လာတာကလဲ သစ္စာ အနေနှင့် ဟောရလျှင်၊ မှားပါသလားဆိုတော့ မမှားပါဘူး မှန်ပါတယ်။ ဘယ်သစ္စာအနေနှင့် မှန်သလဲဆိုလျှင် ဒုက္ခသစ္စာအနေနှင့် မှန်ပါတယ်။
ရချင် ရောက်ချင်တာက ဒုက္ခနိရောဓ။
ပြုပြင်နေရတာက ဒုက္ခ။
အဲဒီလို ဖြစ်မနေကြတော့ ဘူးလား။ ပြုလုပ်တော့ ဖြစ်တယ် ဆိုတာကို ယုံကြည်ကြလျှင်၊ ဖြစ်လာတာကိုလဲ ဒုက္ခ ပါဘဲလို့ ယုံကြည်လိုက်ပါ
ဒါကြောင့်
ဖြစ်ဖြစ်သမျှ ဒုက္ခသစ္စံ၊
ဖြစ်လိုမှုက သမုဒယံ
အလိုသိမ်းမှ ငြိမ်းအေးနိဗ္ဗာန်၊
ငြိမ်းအေးမှု ပွါးမှုမဂ်သစ္စံ လို့ ဟောခဲ့ပါတယ်။"
" တချို့က အမှတ်တမဲ့ ပြောတတ်ကြပါတယ်။ တရားဆိုတာ လုပ်မှဖြစ်မှာ၊ မလုပ်လျှင် ဘယ်ဖြစ်မလဲတဲ့။
သူတို့ပေးတဲ့ ဥပမာကတော့ စပါးလိုချင် စပါးလုပ်ရမယ်၊ စိုက်ရမယ်၊ ၀ါလိုချင် ၀ါလုပ်ရမယ် ၀ါစိုက်ရမယ်၊ နှမ်းလိုချင် နှမ်းလုပ်ရမယ် နှမ်းစိုက်ရမယ်။
ဒါတွေ လုပ်ယူမှ ရတယ်မဟုတ်လား။ အဲဒီ နည်းအတိုင်းဘဲ၊ တရားလဲလုပ်ယူမှ ရမယ်ကွယ်လို့ စသည်အားဖြင့် ပြောတတ်ကြပါတယ်။
ဒီစကားတွေဟာ ဒုက္ခသစ္စာ အနေနှင့် အလွန်မှန်ကန်တဲ့ စကားတေဘဲ။ ဒုက္ခကြိုက်တဲ့ သတ္တ၀ါတွေနှင့် အလွန် လျှော်ကန်တဲ့ ဥပမာ စကားတွေဘဲ။
ဖြစ်ပေါ် လာသမျှ ဒုက္ခဟု မသိမခြင်း(၀ါ) လုပ်သမျှ ဒုက္ခဟု မသိမခြင်း။ လုပ်ကြပါလို့ အားလဲပေးတယ်၊ တိုက်လဲ တိုက်တွန်းပါတယ် အဲဒီလိုပြုလုပ်နေတဲ့ အချိန်အခါမှာ၊ (သဗ္ဗေသင်္ခါရာ ဒုက္ခာ) လို့ ဟောတော်မူခဲ့တာ ဒီဟာဘဲလို့တော့ "" ယဒါပညာယ ပဿတိ"" နှင့် ထပ်ကြည့်လိုက်ပါ သိလိုက်ပါ မြင်လိုက်ပါ။
လုပ်သမျှ ဒုက္ခရယ်လို့ ပိုင်ပိုင်နိုင်နိုင် သိလာတော့ အဲဒီလို ခဏခဏ ပြုလုပ်နေရတဲ့အပေါ်၊ ကြံစည်နေရတဲ့ အပေါ်၊ အောက်မေ့နေရ၊ မှတ်နေရ၊ ရှုနေရတဲ့ အပေါ် ပျင်းမုန်း ငြီးငွေ့လာပါလိမ့်မယ်။
မိုဃ်ကုတ်ကုတ် သွားတဲ့လူလို့ဘဲ။ သွားလျှင်တော့ ရောက်မလိုလိုနှင့်၊ မိုဃ်ကုတ်ကုတ် ခရီးအသွားမဆုံး"
"သလိုပမာ တရားအားထုတ်တဲ့နေရာမှာလဲ၊ ဒုက္ခတွေဆုံးအောင် ဆက်အားထုတ်လျှင်၊ ဆုံးလိမ့်မယ်လို့များ မထင်ကြဘူးလား။
ဒုက္ခဆိုတာ၊ ဆက်အားထုတ်လေ မဆုံးလေဘဲ။
ဖြစ်လျှင် ဒုက္ခ
ချုပ်မှ နိဗ္ဗာန် တဲ့။
အဲဒီစကားကို မြဲမြဲမှတ်တား။
ဒါလိုသိ ဒါလိုမြင်တော့ ဒုက္ခဖြစ်အောင်ပြုလုပ်မပေးတော့ဘဲ၊ ထူထောင်မပေးတော့ဘဲ ပင်ဂိုငြိမ်း ငြိမ်းတဲ့ အတိုင်းတိုင်း ကျင့်သုံးနေထိုင်ရတယ်။
ယခုတော့ ဒီလိုက မနေနိုင်ကြဘူး၊ မနေနိုင်ကြတော့
တစုံတရာ ဖြစ်ချင်လာကြရော၊
ဖြစ်ချင်တော့ ပြုလုပ်ကုန်ရော၊
ပြုလုပ်တော့ ဖြစ်ကုန်ကြရော၊
ဖြစ်ကုန်တော့ ပျက်ကုန်ကြရော၊
သင်္ခါရ မီးရထား
ဘူတာမှ ထွက်ခွါသော မီးရထားကြီးသည်၊ ကြာလေကြလေ ဘူတာနှင့် ဝေးသလိုပမာ။
နိဗ္ဗာန်ကို အလိုရှိတဲ့ ယောဂီပုဂ္ဂိုလ်လဲ၊ ပြုပြင်လေ နိဗ္ဗာန်နှင့် ဝေးလေ ဖြစ်ရမှာမလွဲပေ။ ဘာ့ကြောင့်လဲ၊ သင်္ခါရတို့ရဲ့ ချုပ်ဆုံးရာ နိဗ္ဗာန်ကြီးက နောက်ကျန်နေခဲ့လို့ ဖြစ်တယ်၊ ဒုက္ခရှုတယ်ဆိုတာ ယခုဖြစ်တဲ့ သမုဒယကြောင့် ယ္ခုအသစ်အသစ် ဖြစ်လာတဲ့ ဒုက္ခကို မြင်အောင်ရှုရတယ်။"
" အာရုံလိုက်စား ဒုက္ခပွါး ရှည်လျှားသံသရာ၊ အာရုံမဲ့ကင်း ဒုက္ခရှင်း စံခင်းနိဗ္ဗူတာ
အာရုံ- အာရုံ-နှင့်ပြောဆိုနေကြသော်လဲ အာရုံရဲအကြောင်းကို အလွန်သိခဲ့တယ်။
ရူပ-အာရုံ-ရူပါရုံ
သဒ္ဒ- အာရုံ- သဒ္ဒါရုံ
ဓမ္မ- အာရုံ- ဓမ္မာရုံ-တဲ့မှတ်ထားခဲ့ပါ။
ရူပနှင့် ရူပါရုံ တခြားစီလဲ မဟုတ်ပါဘူး
အတူတူလဲ မဟုတ်ပါဘူး။
မျက်စိနှင့်မမြင်ရသေးတဲ့ မြင်စရာ ဖြူ နီ ကြောင်ကြားတွေဟာ ရူပခေါ်တယ်၊ ရူပရုံ မခေါ်ဘူး။
ထိုမျက်စိနှင့်မြင်စရာဖြစ်တဲ့ ဖြူ နီ ကြောင်ကြားအဆင်းစသည်များဟာ မျက်စိနှင့်မြင်သောအခါမှရူပါရုံ ခေါ်တယ်။ ရူပမှ ရူပါရုံ သဘောသို့ ပြေင်းလွှဲလာတယ်၊ ထင်ရှားအောင်ကတော့ မိမိတို့စိတ်က အာရုံမပြုမှ အာရုံဆိုတာ-ရှိတယ်။ မိမိတို့ စိတ်က အာရုံမပြုလျှင် အာရုံဆိုတာမရှိဘူး၊ လုံးဝမရှိ ဘိတ်မရှိ၊ စင်စင်ကြီးကင်းရှင်းနေ၏။
သို့အတွက် လောကီ အာရုံတွေနှင့် စိတ်နှင့် မထိစေနှင့် စိတ်စိတ်အတိုင်းထား အဲတာ ကျောက်သင်္ဘောတရားဟု ဟောခဲ့တယ်။
တချို့ကလဲ စိတ်ဆိုတာ အာရုံနှင့် ကင်းကောင်းသလား-တဲ့ မေးကြပါတယ်၊
"" စိတ်ဆိုတာ အာရုံနှင့် မကင်းကောင်းပါဘူးဟု ဖြေခဲ့ပါတယ်။
ဒါဖြင့် လောကီအာရုံနှင့် မထိလျှင် ဘာကို အာရုံပြု နေရမှာလဲတဲ့။
လောကုတ္တရာ အာရုံပြုနေလို့ ပြောလိုက်ရတာဘဲ
အရပ်စကားနှင့် အများနားလည်အောင်ပြောရလျှင် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော စိတ်အလုပ် စိတ်ကိစ္စ၊ စိတ်အမှု၊ စိတ်ပြုပြင်မှုတွေ၊ ဘာဆို ဘာတခုမျှ မလုပ်ဘဲ စိတ်အငြိမ်းစားထား၊ အငြိမ်းစားနေ အဲတာလိုနေတော့ စိတ်ဖြင့်ပြုလုပ်မှုတွေ၊ အောက်မေ့မှုတွေ၊ ကြံစည်မှုတွေ ငြိမ်းပါရော၊ အဲဒီ ငြိမ်းရာကို ပြန်ပြီးအာရုံပြုထား၊ အာရုံပြုတတ်တဲ့ အလေ့ကိုလေ့ပေး၊
ဒါကြောင့် ပဋိသဗ္ဘိမဂ် ပါဋ္ဌိတော်
စာမျက်နှာ (၂၄၀) ဗောဇ္ဈင်္ဂထာ၌
အနုပ္ပါဒ အာဝဇ္ဇတတ္ထာ သတိသမ္ဗောဇ္ဈင်္ဂေါ တိဋ္ဌတိ
အပ္ပ၀တ္တံ - ၎င်း
အနိမိတ္တံ- ၎င်း
နိရောဓံ အာဝဇ္ဇိတတ္ထာ သတိသမ္ဗောဇ္ဈင်္ဂေါ တိဋ္ဌတိ
အနုပ္ပဒံ၊ အဖြစ်ကင်းရာ။ အာဝဇ္ဖိတတ္ထာ၊ ဆင်ခြင်အပ်သည်၏ အဖြစ်ကြောင့်၊ သတိသမ္ဗောဇ္ဈင်္ဂေါ၊ သတိသမ္ဗောဇ္ဈင်သည်။ တိဋ္ဌတိ၊ နိဗ္ဗာန်၌ ပြေးဝင်သောအားဖြင့် တည်၏။
နိရောဓံ၊ ဒုက္ခတို့၏ချုပ်ရာကို။ အာဝဇ္ဇိတတ္ထာ၊ ဆင်ခြင်အပ်သည်၏အဖြစ်ကြောင့်။ သတိသမ္ဗောဇ္ဈင်္ဂေါ၊ သတိသမ္ဗောဇ္ဈင်သည်။ တိဋ္ဌတိ၊ နိဗ္ဗာန်၌ ပြေးဝင်သောအားဖြင့်"
"တည်၏။ အစရှိသဖြင့် ဆင်ခြင်သင့်တာ ဆင်ခြင်လို့ သတိသမ္ဗောဇ္ဈင်တည်ပုံ၊ မဆင်ခြင်သင့်တာ မဆင်ခြင်လို့ သတိအစရှိသော သမ္ဗောဇ္ဈင်များတည်ပုံ၊ ဟောကြားတော်မူခဲ့ပါတယ်။
တိုတို ကျဉ်းကျဉ်း ရှင်းရှင်း ကတော့
ဖြစ်ပျက်မရှု ငြိမ်းမှုဆင်ခြင် နှစ်ပါးပင် ဗောဇ္ဈင်တည်ကြောင်းမှတ်။
ခြေအစ ခေါင်းအဆုံးဆိုတဲ့ (၃၂) ကောဋ္ဌာသ ကလေက၀ အပုတ်တုံး အပုတ်ခဲကြီး ရုပ်တုံး ရုပ်ခဲကြီးကတော့ အရင်တုံးက
မသိတော့ လိုချင်
လိုချင်တော့ -စွဲလန်း
စွဲလမ်းတော့- ပြုလုပ်
ပြုလုပ်တော့- ရရှိလာတဲ့ ၀ိပါက ၀ဋ်ဆိုးဆင်းရဲမျိုးခေါ်တယ်
ဓမ္မတာ ၀ဋ်ဆိုးဆင်းရဲမျိုး ခေါ်တယ်
နဒီ သောတောဝိယ။ ဒီပဇာလ သမုပမာ- ဆိုတဲ့အတိုင်း။
ဆီမီးအလျံ ဖြစ်ရေအလား တဘွားဘွား တဖြုတ်ဖြုတ်၊ တလှုတ်လှုတ် တရွရွ၊ တမွမွ တရွေ့ရွေ့ ပြကတေ့ အားဖြင့် မတည်၊ ချာချာလည် မရပ်မနားရဟတ်များ စက်ဘီးအသွင် ဖြစ်ပြီးလျှင်-ပျက်၊ နာရီ၏ စက်ကဲ့သို့ ကံအရှိန် သော့ချက်မကုန်သမျှ၊ ဘုံဘ၀ ဓမ္မတာ၊ အို-နာ-သေ ဖြစ်မှာ မလွဲပေ။"
" အဲဒီ ၀ိပါက၀ဋ်ဆိုး တရားမျိုးကြီးကို အကောင်းသုခရနိုးနိုး ထင်းအားကိုးနှင့် အမျိုးမျိုးပြုပြင် ငါးဖြာအာရုံ ကာမဂုဏ်တွေကို၊ တွင်တွင်လိုက်စား မိုက်မှားလျှက် ဘယ်လိုနေလျှင် ချမ်းသာမှာဘဲ-ကောင်းမှာဘဲဟု အထင်မှားမှု အသိမှား အမှတ်မှား အယူမှားမှု အစုစုတွေဟာ ယခုဖြစ်တဲ့ သမုဒယကြောင့်။ ယခု အသစ်အသစ် ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေပါဘဲ။
ဒါကြောင့် လယ်တီ ဆရာတော်ဘုရားကြီးက
စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ်အတွက်ကြောင့်၊ သက်သတ်ခိုးမှု၊ စသည်ပြုလျှက်၊ အကုသလကမ္မဆယ်တန်၊ အပြစ်လျှံ၏။
တဖန် နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အထအင်္ဂီ၊ ဒသင်္ဂီတည့်၊ လေးလီဗြဟ္မ၊ ၀ိဟာရဈာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံးလကြိုးစား ကောင်းမှုပွား၏၊ နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု ထိုတိုဘ၀၊ ဖြစ်သမျှ၌။ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့် အကျိုးတရား၊ အရှည်ပွါးသည်၊ နှစ်ပါးဘ၀ စွမ်းရည်တည်း။
အဲတာလို ဟုတ်တိုင်းမှန်စွာသိလို့၊ ဆရာတော်တို့ကလဲ လောကီအာရုံတွေနှင့် မထိစေနှင့်လို့ ဟောခဲ့တယ်။"
" ယခုတော့ တရားရှာကြတယ်ဆိုတာ ကိုယ်ကျိုးရမလားလို့၊ တရားရှာကြတဲ့ လူတွေကများတယ်။ ကိုယ်ကျိုးရှာ သမားတွေက များတယ်။ ငါကောင်းစားရေးအတွက် တရားရှာတဲ့ လူတွေကများတယ်။
(နိုင်ငံရေးမှာလဲ ထိုနည်း၎င်းဘဲ)
တရားကို တရားအတိုင်း မြင်အောင် သိအောင်ဆိုပြီး တရားရှာသူက နဲတယ်။ တရားကလေး စခါရှိသေး အရောင် အဆင်း အလင်း ၀င်းဝင်း ၀ါဝါ ပြာပြာ နီနီ နိမိတ်တွေကို မြင်တာနှင့် ဒီလိုမြင်လျှင် ဘယ်အဆင့်ဟု ဘ၀င်မြင့်ရောဂါတွေစွဲတော့ ကိုယ်ရည်သွေးကြပြန်ရောဆိုပါတော့။
သတိပေးချင် တာကတော့၊ အားလုံးသော ပရိဿတ်တွေ တရားရှာတဲ့ နေရာဋ္ဌာမှာ၊ တရားကို တရားအတိုင်း မြင်အောင်သိအောင်၊ နာလဲနာယူပါ၊ ကျင့်လဲကျင့်သုံးပါ။
သစ္စာလေးပါးထက် ပိုလို့တော့ ဖြစ်မှာမဟုတ်ဘူး။ ရှင်းရှင်းကတော့ ၀ိပါက၀ဋ်ဆိုး ဒုက္ခမျိုးကြီးကို (၀ါ) နဂိုဒုက္ခကြီးမျိုးကို အဆင့် အတန်း မြင့်အောင် ချမ်းသာအောင် တစုံတရာ ဘာဘာညာညာ ဖြစ်အောင် လုပ်ဆောင်ပေးလို့ကတော့။
ဖြစ်ချင်လို့ ဖြစ်အောင် လုပ်ပေးရတဲ့
သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ နှစ်ပါးအပြင်မှ တပါး ထူးထူးခြားခြား တရွေးသာမျှ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ ဤကဲ့သို့ဟုတ်လျှင် ဟုတ်တဲ့အတိုင်း၊ မှန်လျှင် မှန်တဲ့"
" အတိုင်း မြင်သိပါက"" ဖြစ်ချင်မှုရယ်"" ဖြစ်အောင်လုပ်ပေးနေရမှုရယ်၊ ချုပ်ငြိမ်းသွားပါတယ်၊ ဒါကိုဘဲ၊ သိ,ပယ်,ဆုက်,ပွါး လေးပါးကိစ္စစုံညီကြတယ်လို့ ခေါ်ပါတယ်။
ယခုဖြစ်တဲ့ သမုဒယကြောင့် ယခုဒုက္ခဖြစ်ပုံ။ ခြေအစခေါင်းအဆုံး တကိုယ်လုံးခေါ်တဲ့ ၀ိပါက၀ဋ်ဆိုး တရားမျိုးကြီးအပေါ်။တစုံတရာ ဘာဘာ ညာညာ အရာရာ ဟိုဟို ဒီဒီ အလီလီ။
ဖြစ်ချင်တာက သမုဒယသစ္စာ၊
ဖြစ်အောင် လုပ်နေရတာက ဒုက္ခသစ္စာ၊
ဖြစ်ချင်တာရယ်- ဖြစ်အောင်လုပ်နေတာရယ်။
ချုပ်ငြိမ်းရာက - နိရောဓသစ္စာ။
ချုပ်ငြိမ်းရာကို သိမြင်တာက မဂ္ဂသစ္စာ။
ချုပ်လျှင် ချုပ်တဲ့ အတိုင်းတိုင်း၊
ငြိမ်းလျှင် ငြိမ်းတဲ့ အတိုင်းတိုင်း ကျင့်သုံးနေထိုင်သွားတာက၊ ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါ ခေါ်ပါတယ်။ မြတ်စွာဘုရားသခင် ကျင့်စေလိုရင်းက ( ဒီ ပဋိပဒါ) ခေါ်တဲ့ အကျင့်ကို မုချအားဖြင့် ကျင့်စေလိုရင်ဖြစ်ပါတယ်။
ယခုဟောပြတဲ့ ဒုက္ခနိရောဓ ဂါမိနိပဋိပဒါအကျင့်ကို ကျင့်နေတော့ (၀ါ) ဒုက္ခတို့ရဲ့ ချုပ်ရာကို အာရုံအားဖြင့် ရောက်ကြောင်းဖြစ်တဲ့ အကျင့်ကို ကျင့်သုံးနေတောံ
သမ္မာဒိဋ္ဌိ-သမ္မာသင်္ကပ္ပဆိုတဲ့ ပညာ။
သမ္မာဝါစာ
သမ္မာကမ္မ န္တ
သမ္မာအာဇီဝ ဆိုတဲ့ သီလ။
သမ္မာဝါယမ။ သမ္မာသတိ။ သမ္မာသမာဓိ ဆိုတဲ့ သမာဓိ။

"" အဲဒီ သီလ-သမာဓိ-ပညာ တွေပြည့်စုံလာပါတယ်။ တနည်းအားဖြင့်၊ သီလ-သမာဓိ-ခေါ်တဲ့ (စရဏ) ပညာခေါ်တဲ့ (၀ိဇ္ဇာ) စရဏ နှင့် ၀ိဇ္ဇာ၊ ၀ိဇ္ဇာနှင့် စရဏ၊ နှစ်ဋ္ဌာနလံုး ပြည့်စုံ လာပါတယ်။
ပကတိအားဖြင့် ချုပ်ရာ ငြိမ်းရာကြီးကို အာရုံပြုထားတော့ (၀ါ) ချုပ်ငြိမ်းရာနှင့်စိတ်နှင့် တွေ့နေတော့ လောကီအာရုံတွေရဲ့အပေါ်၊ ပြေးလွှားနေတဲ့ စိတ်တွေ မရှိဘူး။ လောကီ အာရုံတွေနှင့် စိတ်နှင့် မတွေတော့ဘူး လွတ်နေတယ်။
ချုပ်ငြိမ်းရာ မြင်တာက ပညာ လောကီ အာရုံတွေ အပေါ် စိတ်မလေတာက သမာဓိ၊ လောကီ အာရုံတွေကို ရှောင်ကျဉ်းပြီး၊ ဖြစ်နေတာက သီလ။ အညီအညွတ် တပေါင်းတည်း ပြည့်စုံနေကြပါတယ်။
နိဗ္ဗာန်ကို အာရုံပြုတဲ့ အချိန်မှာ မဂ္ဂင်-ရှစ်ပါး။ သီလ-သမာဓိ- ပညာ သုံးပါး ပြည့်စုံပုံ ဟောကြားပြပါမယ်။
သမ္မာဒိဋ္ဌိ။ ။ ကိလေသာဟူ အပူခပ်သိမ်းတို့ရဲ့ ပကတိ ချုပ်ငြိမ်းရာကို မြင်နေပါတယ်။
သမ္မာသင်္ကပ္ပ။ ။ ချုပ်ငြိမ်းရာအပေါ် ရှေ့ရှုကျရောက် နေပါတယ်။

""သမ္မာဝါစာ။ ။ အဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ၎င်း၊ သူတို့နှစ်ဦးရဲ့ အချစ်ကို ပျက်ပြားစေတတ်သော စကားကို ပြောဆိုခြင်းမှ၎င်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်မှ၎င်း၊ အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်မှ၎င်း၊ ကင်းစင်နေပါတယ်။
သမ္မာကမ္မ န္တ။ ။ သူတပါးအသက်ကိုသတ်ခြင်းမှ၎င်း၊ သူတပါးသားမယားကို ကြူးလွန်ပြစ်မှားခြင်းမှ၎င်း၊ သူတပါးဥစ္စာကို ခိုးယူခြင်းမှ၎င်း၊ စင်ကြယ်နေပါတယ်။
သမ္မာအာဇီဝ။ ။ သူ့စည်းစိမ်ကို ငါပိုင်လိုခြင်း။ အမျက်ထွက်ခြင်း၊ မှားသောမြင်ခြင်း၊ မှားသောယူခြင်းမှ စင်ကြယ်နေပါတယ်။
သမ္မာဝါယမ။ ။ ချုပ်ငြိမ်းရာ၌ တည်အောင် အားစိုက် နေပါတယ်
သမ္မာသတိ။ ။ ချုပ်ငြိမ်းရာကို ထပ်ခါထပ်ခါ အောက်မေ့လျက်နေပါတယ်။ (၀ါ) နိုးကြားသော သတိရှိနေပါတယ်။
သမ္မသမဓိ။ ။ နိဗ္ဗာန်ခေါ်တဲ့ ချုပ်ငြိမ်းရာ အာရုံမှတပါး အခြားအာရုံတွေသို့ စိတ်ဟာပြေးမသွားဘဲ တည်ကြည် ငြိမ်သက်နေပါတယ်။
ဤကဲ့သို့ ချုပ်ရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် မျက်မှောက်ပြုနိုင်ကြပါ စေကုန်သတည်း။
(နညတြသဗ္ဗနိသဂ္ဂါ သောတ္ထိံ ပဿမိ ပါဏိနံ)
"" မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်
တရားတော်
(စတုတ္ထ ပိုင်း)
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အမှန်တရားက နဂိုက ရှိပြီးဖြစ်ပါတယ်၊ ဒါကြောင့် ငါ့အနေ သူ့အနေနှင့် မှန်အောင်ပြုလုပ်နေစရာ မလိုပါဘူး။
ထင်ရှားရှိတဲ့ မှန်ပြီးသား တရားကိုသာ၊ သမ္ပဇဉ်ဥာဏ်ရှင်ပြီး သိပါ။
မသိကား- အ၀ိဇ္ဇာ
သိကား- ၀ိဇ္ဇာ
မှန်ပြီးသားတရာကို သိချင်လျှင်၊ တခြားထွက်ရှာ မနေပါနှင့်၊ တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့လို့၊ လောကမှာဆိုရိုး ဆိုလေရှတဲ့ စကားအတိုင်း ခြေအစခေါင်းအဆုံး တကိုယ်လုံးခေါ်တဲ့ ခန္ဓာကိုယ်ကြီးရဲ့ အတွင်းမှာ၊ သတိဆောင်မြင်အောင်ကြည့်ပါ။
ခန္ဓာကိုယ်ကြီးရဲ့ အတွင်းမှာ ဆိုသောလဲ၊ ထိုခန္ဓာကိုယ်ကြီးကို၊ မှီတွယ်ကပ်ရပ်ပြီး၊ တဏှာ-မာန- ဒိဋ္ဌိ နှင့်တကွ ဖြစ်ပေါ်လာတဲ့ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော လောကီစိတ်တွေကို မြင်အောင်ကြည့်ပါ။
ဝိညာနေ ဘိက္ခဝေ အာယာရေ ပရိညာတေ၊ နာမရူပံ ပရိညာတံ ဟောတိ။"
" နာမရူပေ ပရိညာတေ အရိယာ သ၀ကဿ။
နတ္ထိ ကိဉ္စိ ဥတ္တရိ ကရိဏိယန္တိ ၀ဒါမိ။
လာရှိတဲ့ ပါဋ္ဌိတော်အတိုင်း
ဝိညာဏ်တလုံး ကစ္စတုံးအောင် သိလျှင်လဲ၊ မဂ်-ဖိုလ် နိဗ္ဗာန်ရတာပါဘဲ။ အမှန်တရာကို ဥာဏ်အားဖြင့် သိဘို့ရန် ပဋိသဗ္ဘိဒါမဂ် ပါဋ္ဌိတော်အလာ ဒေသနာ အစိတ်အပိုင်းတခုကို ထုတ်ပြရသော်---
ဥပ္ပါဒေါ ဒုက္ခံ
အနုပ္ပဒေါ သုခံ
ဆိုတဲ့ ပါဋ္ဌိတော်ဘဲ ဖြစ်ပါတယ်။ ၎င်း ပါဋ္ဌိတော်အရ ဆရာတော် သဘောပေါက်သလောက် ဟောပြရလျှင် "" အနုပ္ပါဒ"" အရနိဗ္ဗာန်ကို ဟောခြင်းဖြစ်တယ်။ ""ဥပ္ပဒါ"" အရ၊ နိဗ္ဗာန်မှတပါး၊ ကျန်တရားစုတို့ကို ဟောခြင်းဖြစ်တယ်။ အရဟတ္တဖိုလ် စိတ်တိုင်အောင် ဥပ္ပဒါ တရားထဲ ပါဝင်သွားပါတယ်။ အရဟတ္တဖိုလ်စိတ် ဥပ္ပါဒ ဖြစ်ပုံ တကယ်ကို ဒီပဲယင်းဆရာတော်ကြီး ပြုစုရေးသားခဲ့တဲ့ နိဗ္ဗာန်နဒီပနီ ကျမ်းထဲမှာ ရှိပါတယ်။
တရားက ဘယ်အနေနှင့် မှန်နေသလဲ ဘယ်လိုမှန်ပြီးသားလဲလို့၊ မိမိတို့ရဲ့ သဏ္ဍာန် ဒြပ်မှာ ဥာဏ်ကပ်ပြီး သတိဆောင် မြင်အောင် ကြည့်စမ်းပါ။
ယခု တရားနာ လာလာသမျှ၊ ဒါယကာ ဒါယိကာမတို့ သိတတ်မယ် ဆိုလျှင် ' အနုပ္ပဒါ' ခေါ်တဲ့"
"နိဗ္ဗာန်တရာကြီးသာ၊ (၀ါ) ပကတိပင်ဂို သူ့အလိုလို အဖြစ်ကင်းရာ အဖြစ်ကုန်ရာ အဖြစ်ခမ်းရာ ချုပ်ရာ ငြိမ်းရာ တရားသာ သိစရာ မြင်စရာ အနေအားဖြင့် ထင်ရှားရှိပါတယ်။ တဏှာ-မာန-ဒိဋ္ဌိနှင်တကွဖြစ်တဲ့ ကောင်းကောင်း ဆိုးဆိုးအမျိုးမျိုးစိတ်တွေက မရှိသေးပါဘူး ဘာ့ကြောင့်လဲ ဆိုတော့ အကြောင်းအားလျှော်မှ ဖြစ်ပေါ်လေ့ရှိတဲ့ တရားမျိုးတွေ မှန်သောကြောင့် ဖြစ်ပါတယ်။
ငါစွဲ သူစွဲ အယူလွဲတွေဟာ တဲ့တဲ့ပြောရလျှင်၊ ခြေအစ ခေါင်းအဆုံး တကိုယ်လုံးဆိုတဲ့ ခန္ဓာကိုယ်ကြီး အတွင်မှာ အူတွေ အသည်းတွေ နှလုံးတွေ ကျောက်ကပ်တွေလိုရှိတဲ့တရားမျိုး မဟုတ်ဘူး၊ မိမိတို့ စိတ်က မှားသောအားဖြင့် နှလုံးသွင်မှ တမင် အာရုံပြုမှ တမင်ကြံစည်တွေးတော အောက်မေ့ စိတ်ကူးမှ၊ စိတ်ကူးခိုက် ခဏကလေးမှာ၊ ဖြစ်ပေါ်လေ့ရှိတဲ့ တရားမျိုး၊ ဖြစ်ခဏ ပျက်စီးပျောက်ကွယ်ရတဲ့ တရားမျိုး မှန်သောကြောင့် ဖြစ်ပါတယ်။
ဓါတ် (၁၈) ပါးနည်းနှင့်ဟောရလျှင် စက္ခု, သောတ, ဃာန,ဇိဝှါ, ကာယ, မန, ဆိုတဲ့ အခံဓါတ်ထဲမှာလဲ၊ ကိလေသာဆိုး တရားမျိုးတွေ နဂိုကမရှိဘူး အစကမရှိဘူး။
ရူပ-သဒ္ဒ- ဂန္ဓ-ရသ-ဖေါဋ္ဌဗ္ဗ- ဓမ္မ ခေါ်တဲ့ အတိုက်ဓါတ်ထဲမှာလဲ။ ကိလေသာဆိုး တရားမျိုးတွေ နဂိုမူလအစက မရှိဘူး။
စက္ခုဝိညာဏ်၊ သောသ၀ိညာဏ်၊ ဃာန၀ိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ၀ိညာဏ်၊ ခေါ်တဲ့ အပေါ်ဓါတ်ထဲမှာလဲ ကိလေသာဆိုး တရားမျိုးတွေ မူလဘူတ အစက

""နဂိုကမရှိဘူး ဘိတ်ဘိတ်သားမရှိ လုံးဝမရှိပါဘူး။
မန-နှင့် ဓမ္မ ခေါ်တဲ့စိတ်ဖြင့်၊ တရားတခုခုကို ကြံဆစိတ်ကူး-လိုက်တဲ့အခါမှ၊ အပေါ်ဓါတ်ခေါ်တဲ့ မနောဝိညာဏ် ကိုသာ၊ ကိလေသာဆိုး တရားမျိုးတွေ၊ ရံခါရံခါ တခါတလေ ၎င်းပေါ်ဆဲစိတ်ကိုမှီ၍ တွယ်၍ စွဲ၍ ဖြစ်ပေါ်လာတတ်တဲ့ တရာမျိုးတွေပါ။
နားလည်လွယ်အောင် ဟောရပါလျှင်
ရုပ်ရယ် စိတ်ရယ် ကိလေသာရယ် သုံးမျိုး ခွဲထားပါ။
ရုပ်ကိုမှီ၍ စိတ်ဖြစ်တယ်။ စိတ်ကိုမှီ၍ ကိလေသာဖြစ်တယ်။ ဒီနေရာ အထူးသတိပြု ခဲ့စေချင်တာကတော့ ၀ိပါက်ခေါ်တဲ့ ရုပ်နှင့်စိတ်တို့ ဖြစ်မှု မဖြစ်မှုနှင့် သော်၎င်း၊ မငြိမ်းမှု ငြိမ်းမှုနှင့်သော်၎င်း၊ သောတာပန်တို့ မြင်အပ်တဲ့ နိဗ္ဗာန် နှင့် မဆိုက်ပေ။
ဆရာတော်တို့ အများနားလည်အောင် သုံးနှုံးထားတဲ့ စကားနှင့် ဟောပြောရလျှင်-
နဂို-ရုပ် နာမ်
အပို ရုပ်-နာမ် ရယ်လို့ ရှိပါတယ်
စာလို ပြောရလျှင်-
ပဉ္စက္ခန္ဓာ ပဉ္စုပါဒါနက္ခန္ဓာ ရယ်လို့
ပိုင်းခြားပြီး ဟောထားတာရှိပါတယ်။
ပဉ္စက္ခန္ဓာကို နဂို ရုပ်-နာမ်၊
ပဉ္စပါဒါနက္ခန္ဓာကို အပို ရုပ်-နာမ်
ရယ်လို့ စကားအရာမှာ အမှတ်သားပြု၍ သုံးနှုံးထားပါတယ်။"
"ပဉ္စက္ခန္ဓာချုပ်မှုနှင့် သုဿန်တစ သင်္ချိုင်းဝနှင့် ဆိုင်တယ်။ ပဉ္စုပါဒါနက္ခန္ဓာ-ချုပ်မှု ငြိမ်းမှုနှင့် နိဗ္ဗာန်နှင့်ဆိုင်တယ်၊
ထိုနဂို ရုပ်နာမ်နှင့်၊ အပို ရုပ်နာမ်ကို ပိုင်းခြား၍ တိကျပြတ်သားစွာ နားလည်စေခြင်ငှါ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုတခုခုကို၎င်း၊ ပုဂ္ဂိုလ်သတ္တ၀ါ တဦးတယောက်ကို၎င်း၊ (၀ါ) နဂိုရုပ်ကိုသော်၎င်း၊ နာမ်ကိုသော်၎င်း၊ ရုပ်နာမ် နှစ်ပါးကိုသော်၎င်း မျက်စိက အဆင်းကို မြင်သိရုံမျှနှင့် ကိလေသာမဖြစ်ပါဘူး၊ (၀ါ) ချစ်မှုမုန်းမှု မဖြစ်ပါဘူး၊ နားကအသံကိုကြားသိရုံမျှနှင့် နှာခေါင်းကအနံ့ ကိုနံသိရုံမျှနှင့် ၊ လျှာကအရာသာကို လျက်သိဝါးမျိုရုံမျှနှင့်၊ ကိုယ်ကအတွေ့ကို တွေ့ထိကိုင်စမ်းကာမျှနှင့်၊ စိတ်က ထိုငါးပါးကို သိကာမျှနှင့် ကိလေသာမဖြစ်ပါဘူး။ (၀ါ) ချစ်မှု မုန်းမှုမဖြစ်ပါဘူး၊ ချစ်မှု မုန်းမှုအစရှိတဲ့ ကိလေသာဆိုး တရားမျိုးတွေကိုတာ၊ မိမိတို့စိတ်က မှားသောအားဖြင့် နှလုံးသွင်မှ၊ ကြံစည်စိတ်ကူးအောက်မေ့မှ (၀ါ) ဖေါက်လွှဲဖေါက်ပြန် ကြံကြံဖန်ဖန် နှလုံးသွင်းပါမှ ယင်းခဏ ပေါ်ပေါက်ဖြစ်ရှိလာတဲ့ တရားမျိုးတွေ သာမှန်ပါတယ်။
ဤကဲ့သို့ ဖေါက်လွဲဖေါက်ပြန် ကြံကြံဖန်ဖန် နှစ်လုံးသွင်းမှ ဖြစ်ပေါ်လာတဲ့ စိတ် ထိုစိတ်ရဲ့ အထင်ခံ ရုပ်တွေကို (အပိုရုပ်နာမ်-လို့) သုံးနှုံးထားပါတယ်၊၊
အပိုရုပ်နာမ် ဘယ်အချိန် ဘယ်အခါဖြစ်သလဲ။
နဂိုရုပ်နာမ် တွေကိုမိမိစိတ်က မှားသောအားဖြင့်တမင် နှလုံးသွင်းမှ ဖြစ်ပါတယ်။"
"ကိလေသာမျိုး တရားဆိုး တွေသည်၊ (၀ါ) အပိုရုပ်နာမ်တို့သည်၊ (၀ါ) ဥပါဒါန်နှင့်တကွ ဖြစ်တဲ့ ရုပ်-နာမ်တို့သည် မိမိကဖေါက်လွဲဖေါက်ပြန် တမင်နှလုံးသွင်း အာရုံပြုမှ ဖြစ်ရှိကြောင်း သိကြလောက်ပါပြီ။
အဲဒီတော့ကာ "" ဥပ္ပါဒ ဒုက္ခံ"" အရ၊ ပဉ္စက္ခန္ဓာရော၊ ပဉ္စုပါဒါနက္ခန္ဓာပါ ပါဝင်သော်လဲ၊ (၀ါ) နဂိုရုပ်နာမ်ရော အပိုရုပ်နာမ်ပါ သိမ်းကြုံးပါဝင်သော်လဲ နိဗ္ဗာန်ကို ယခုဘ၀ဒိဋ္ဌမျက်မှောက်ပြုရေးအတွက်၊ ပဉ္စုပါဒါနက္ခန္ဓာ ခေါ်တဲ့ အပိုရုပ်-နာမ် နှစ်ဖြာတို့ရဲ့ ဖြစ်ပျက်အမှု ဆင်ရဲစုတွေကိုလဲ အထူး သိကြပါလို့ တိုက်တွန်းပါတယ်။
အပို ရုပ်နာမ်ခေါ်တဲ့ ပဉ္စပါဒါ နက္ခန္ဓာ တို့သည်၊ တမင် မိမိတို့စိတ်က အာရုံပြုမှ နှလုံးသွင်းခိုက် အခါမှ ဖြစ်တာမှန်လို့၊ အာရုံမပြုမှီက နှလုံးမသွင်းမှီက ပကတိပင်ဂို သူ့အလိုအလျှောက်က အဖြစ်ကင်းနေတယ်၊ ကင်းပြီးသားဆိုတာ သိတတ်တဲ့ ဥာဏ်ရှိမယ်ဆိုလျှင် သိနိုင်ပါတယ်။
ဥပမာ-
စည်သံ, မောင်းသံ, ခေါင်းလောင်းသံ,များဟာ တီးခပ်မှ ( အသံ) ဖြစ်ပေါ်လာတယ်ဆိုသဖြင့် ပကတိပင်ဂို သူ့အလို အလျှောက်က (အသံ) မမြည်ဘူးဆိုတာ စိတ်ကောင်းရှိသူတိုင်း နားလည်လောက်ပါတယ်။ အဲဒီနည်းကပ်တဲ့ ဥပမာကို မြင်အောင်ကြည့်ပါ။
ကိလေသာနှင့်တကွ ဖြစ်တဲ့ အပိုရုပ်-နာမ်တို့သည် ဒါယာကာ ဒါယိကာမတို့ရဲ့ သဏ္ဍာန်မှာ ပကတိက မရှိကြဘူး အဖြစ်ကင်းနေပါတယ် မရှိအောင်ပြုလုပ်ထားလို့"
"အဖြစ်ကင်းနေတာလားဆိုလျှင် မဟုတ်ပါဘူး၊ သူ့အလိုလိုအဖြစ်ကင်းနေတာ အမှန်ပါ၊ အဖြစ်ကင်းရာက ရှိပြီးဖြစ်လို့ အဖြစ်ကင်းအောင်ကတော့ ပြုလုပ်မပေးရပါဘူး ဖြစ်ပေါ်လာအောင်ကသာ ကြောင့်ကြစိုက်ထုတ် ပြုလုပ်ပေးရပါတယ်။
အပိုရုပ်-နာမ်တို့ရဲ့ ပကတိအတိုင်းတိုင်း အဖြစ်ကင်းရာက နိဗ္ဗာန်ပါ။ သိမြင်တာက မဂ်ဥာဏ်ပါ။
ဤကဲ့သို့ ပကတိချုပ်ရာအမှန် နိဗ္ဗာန်ကိုမသိကြလေတော့ကာ၊ မဖြစ်အောင် ချုပ်အောင်ဟဲ့ဆိုပြီး ကြောင့်ကြစိုက်ထုတ်ပြုလုပ်ကြပါရော၊ ပြုလုပ်တော့ ဘာတွေဖြစ်သလဲ၊ ပြုလုပ်တော့ ပြုလုပ်မှုတွေ ဖြစ်လာပါရော၊ ၎င်းပြုလုပ်မှုကိုဘဲ့(ဥပ္ပါဒေါ ဒုက္ခံ) လို့သိပါ၊ "" သဗ္ဗေသင်္ခါရ ဒုက္ခာ၊ "" ဆိုတာ ထိုပြုလုပ်မှုလဲ လိုရင်းအနေနှင့် ပါဝင်တယ်လို့ သိပါ- မြင်ပါ၊ ပကတိငြိမ်းရာကို မမြင်ဘဲ ငြိမ်းအောင်ပြုလုပ်လေ မငြိမ်းလေဘဲ။
ဘာ့ကြောင့်ပါလဲ ဆိုလျှင် ပြုလုပ်မှုက မငြိမ်းတရားမှန်လို့ ပြောရခြင်းဖြစ်ပါတယ်၊ အလိုလိုငြိမ်းရာကိုမြင်ကြပါ၊ ငြိမ်းအောင်များတမင်သွားပြီး ငါ့အနေနှင့် သူ့အနေနှင့် ကိုယ်တိုင်လဲ မလုပ်နှင့်၊ သူတပါးကိုလဲ အလုပ်မခိုင်းပါနှင့်၊ ငြိမ်းအောင်များပြုကြလျှင်လေ၊ ၎င်း- ပြုမှုကြီးကိုက မငြိမ်းအောင်ဖြစ်နေပါတယ်၊ ' အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ' ဆိုတာဒါပါဘဲ။
သင်္ခါရာ ဒယောဝတ္တ န္တိ
အ၀ိဇ္ဇာဒီဟိ ဟေတူဟိ-လို့"
" အစရှိတဲ့ ပါဋ္ဌိတော်အဋ္ဌကထာတွေလဲ အများအပြားရှိပါတယ်။
ဥပမာအားဖြင့်လဲ နတ်သ္မီးကိုလိုချင်အားကြီး၍ အသူတရာနက်တဲ့ ချောက်ကမ်းပါးသို့ ခုန်ချသောယောင်္ကျားအလား၊ ညွှန်ပြထားတဲ့ ဥပမာတွေ အများကြီးရှိပါတယ် အချို့သောယောဂီပုဂ္ဂိုလ်တွေက ၊ ပကတိမူလသဘာဝ အားဖြင့် ငြိမ်းချမ်းနေတာကတော့ ဟုတ်ပါတယ် မှန်ပါတယ်၊ နောင်ဖြစ်လာလျှင် ဘယ်လိုကျင့်သုံးနေထိုင် ရှုမှတ်ပွါးများတားဆီးရပါမလဲလို့ မေးကြပြန်ပါတယ်။
စည်းကြီးတီးခပ်လို့ အသံဖြစ်ရှိလာမှတော့ မြည်လာမှတော့၊ အသံမဖြစ်ပေါ်အောင် မမြည်အောင် ဘယ်လိုလုပ်ရမလဲလို့ မေးတာနှင့်အတူတူပါဘဲ၊၊
အပိုရုပ်-နာမ်တွေဟာ ၊ မိမိတို့စိတ်က တမင်နှလုံးသွင်းလို့ အာရုံပြုလို့ ဖြစ်ပါတယ်ဆိုတာ ဖြစ်လာလျှင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းကို မေးနေစရာမလိုတော့ပါဘူး၊
မီးခဲကိုင်လျှင် ပူပါတယ်ဆိုတာ ပူလျှင်ဘယ်လိုလုပ်ရမလဲလို့ မေးလျှင်တော့ ၊ ကိုင်လို့ပူတော့ ပူတာမှန်တယ်လို့ ဖြေရုံရှိတာဘဲ။
တနည်း မီးခဲဥပမာ
ရှားမီးခဲကြီးတခဲကို မိမိရှေ့မှောက်မှာချထားပါ၊ မိမိရှေ့မှောက်မှာချထားတဲ့ ၎င်းရှားမီးခဲကြီးဟာ မိမိကပူမှန်းမသိလဲ ပူမျိုးမို့ပူတာဘဲ၊ မိမိကပူမှန်းသိတော့လဲ ပူတာအမှန်ဘဲ၊၊ လောကတွင်းရှိ ပကတိမီးဟူဟူသမျှသည် သတ္တ၀ါတဦးတယောက်အဘို့မှာ မသိလဲပူ"
"သိလဲပူ၊ ဒါ့ကြောင့် သူ့ကို-နဂိုပူ၊ မီးဆိုတာ ပူလောင်တတ်တဲ့ မူလသတ္တိ၊ မူလသဘာဝရှိလို့ ပူလောင်ခြင်းဖြစ်တယ်။ တစုံတယောက်က ပူလောင်အောင် ပြုလုပ်ထားလို့ ပူလောင်တာမျိုး မဟုတ်ပါဘူး။
သူ အလိုလို ပူ လောင်တတ်တဲ့ ပူလောင်လေ့ရှိတဲ့ (ထို-နဂိုပူ) မီးခဲကြီးကို၊ သတ္တ၀ါ တဦး တယောက်က လက်, ခြေ, အစရှိသော အင်္ဂါကြီးငယ်နှင့် ကိုင်စမ်း, တို့ထိမယ်ဆိုလျှင် ထိုကိုင်စမ်း,တို့ထိတဲ့ လက်,ခြေ, အစရှိသော အင်္ဂါကြီး,ငယ်တွေလဲ ပူလောင်မှာ အမှန်ပါ မီးခဲက နဂိုပူမှန်တယ်၊ နဂိုပူမီးခဲကို လက်,ခြေ အစရှိသော အင်္ဂါကြီးငယ်တခုခုနှင့် ကိုင်စမ်းတို့ထိလျှင် လက်,ခြေ အစရှိသော အင်္ဂါကြီးငယ်တွေ ပူတာက (အပိုပူ) မှန်တယ်။
နဂိုပူဟာ တရားမသိလဲ ပူမြဲ-ပူမှာဘဲ၊ တရားသိလဲ ပူမျိုးမို့ ပူမှာဘဲ၊ ဘာ့ကြောင့်ပူလဲဆိုလျှင် နိယာမမျိုး မှန်သောကြောင့် ဖြစ်ပါတယ်။
လက်, ခြေ အစရှိသော အင်္ဂါကြီးငယ်တွေပူလောင်တဲ့ အပိုပူကတော့ ကိုင်စမ်းတွေထိလို့သာ ပူရခြင်းဖြစ်တယ်၊ မကိုင်, မစမ်း,မတွေ့,မထိမှီကဆိုလျှင်(၀ါ) ပကတိ ပင်ဂို သူ့အလိုလိုကဆိုလျှင် ၎င်းအပိုပူတွေဟာ မရှိပါဘူး၊ အပူမရှိတာကိုပင်အေးတယ်လို့ ဆိုရပါတယ် ခေါ်ရပါတယ်။
ယခု ပြပြီးခဲ့တာက ဥပမာဘဲ ဖြစ်ပါတယ်၊ တရားသိရေးမြင်ရေး (၀ါ) နိဗ္ဗာန်ကို သောတာပတ္တိ မဂ်ဥာဏ်ဖြင့် မြင်ရေး၊ ဥပမေယျကတော့-
ခြေအစခေါင်းအဆုံး တကိုယ်လုံးခေါ်တဲ့ ၀ိပါက"
"၀ဋ်ဆိုး တရားမျိုး ကြီးကတော့ မိမိက မသိလဲ ဖြစ်လျှင် ပျက်မျိုး ဒုက္ခအိုးကြီးဘဲ မိမိကသိလျှင်လဲ ဖြစ်လျှင်ပျက်သုဉ်း ဒုက္ခတုံးကြီးဘဲ၊ ဒါကြောင့် သူ့ကို (နဂိုဒုက္ခ) နဂိုဆင်းရဲ နဂိုဒုက္ခသည် သုဿန်ရောက်မှာ သေချာတယ်။
ထိုရုပ်ကြီးရဲ့ အကြည်ဒါတ်တွေ ချို့တဲပျက်စီး ကင်းသုဉ်းပျောက်ကွယ်သွားတာကို အိုတယ် နာတယ် သေတယ်လို့ လောကအလို ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။
ဆိုအပါခဲ့ပြီးသော ၀ိပါက ၀ဋ်ဆိုး တရားမျိုး ကြီးကို(၀ါ) နဂိုဒုက္ခ နဂိုဆင်းရဲကြီးကို (၀ါ) မသိမှု အရင်းခံကား လိုချင်မှုနဲ့ နင်းကန်ပြီး ကြိုးစားပြုလုပ် အားထုတ်လို့ ဖြစ်ရှိလာတဲ့ လက်လွန်ပြီးသား ဒုက္ခကြီးကိုပင်--
ရုပ်သည် ငါ
ငါသည် ရုပ်
ရုပ် နှင့် ငါ တခြားစီ
ငါနှင့်ရုပ် အတူတူလို့ စွဲယူသိမ်းပိုက်နေကြပါတယ်၊ (ကျန် ခန္ဓာတွေလဲ ဤနည်းအတိုင်းသိပါ)
ရူပံ အဘိနိဝိဿ ၀ိဋ္ဌိ ဥပ္ပဇ္ဇတိ-လို့
ဒိဋ္ဌိဝဂ္ဂသံယုဂ်မှာ ဟောထားခဲ့တဲ့ အတိုင်း နဂိုရုပ်နာမ်တွေကို မိမိတို့စိတ်က အပိုလုပ်ကြံပြီး စွဲယူသိမ်းပိုက်နှလုံးသွင်းခါ နေကြပါတယ်၊
ဤကဲ့သို့ စွဲယူသိမ်းပိုက် နှလုံးသွင်းတဲ့အခါ စွဲယူသိမ်းပိုက်တဲ့ စိတ်တွေ "" စိတ္တသ န္တတိ"" အနေအားဖြင့် ဆက်ခါဆက်ခါ ဖြစ်ကြပါတယ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စွဲယူ"
" သိမ်းပိုက်တဲ့ စိတ်တွေ ပျက်၍ပျက်၍ သွာကြရပါတယ် ၎င်းစွဲယူ သိမ်းပိုက် မှုကြောင့် ဖြစ်ပေါ်ပျက်စီးရတဲ့ သဘောကြီးကို အပိုဒုက္ခ အပိုဆင်းရဲလို့ သိပါမြင်ပါ။
စာလိုက….. ပဉ္စုပါဒါနက္ခန္ဓာ - တို့တွင်
ရူပုပါဒါနက္ခန္ဓာ-လို့ ခေါ်ပါတယ်။
ရှင်းရှင်းဟောရလျှင်
ခြေအစ ခေါင်းအဆုံး တကိုယ်လုံးခေါ်တဲ့ ဤတလံမျှလောက်သော ၀ိပါက်ရုပ်တုံးကြီးက နဂိုဆင်းရဲခေါ်ပါတယ်၊ ၎င်းနဂိုဆင်းရဲကိုငါ့ရုပ်ကြီးလို့ တခါတလေထင်တဲ့ စိတ်တွေ နှလုံးသွင်းတဲ့အခါ ဖြစ်၍လာပါတယ် ဖြစ်တိုင်းဖြစ်တိုင်း စိတ်တွေဟာလဲ အကုန်လုံးပျက်ရပါတယ်၊ အဲဒီစွဲလန်းမှု အထင်မှားမှုနှင့်တကွ ဖြစ်ပေါ်ပြီး ပျက်စီးသွားကြတဲ့ စိတ်တွေကို (အပိုဒုက္ခ) လို့ သိပါ-မြင်ပါ၊၊
ဒါ့ကြောင့် ဆောက်ထားတဲ့ နဂိုကျောင်းနှင့် ငါ့ကျောင်းလို့ စိတ်ကစွဲယူထားတဲ့ အပို-ကျောင်းကို ပိုင်းခြားနားလည်ထားပါ၊ ကိုးကွယ်ထားတဲ့ နဂိုဘုန်းကြီးနှင့် ငါ့-ဘုန်းကြီးလို့ စိတ်ကစွဲယူထားတဲ့ အပို-ဘုန်းကြီးကို ခွဲခြားပြီး နားလည်ထားပါ။
မွေးသမိခင် မွေးသဘခင်ဖြစ်တဲ့ နဂိုမိဘနှင့် ငါ့အမေ ငါ့အဘေလို့ စိတ်ကစွဲယူထားတဲ့ အပိုအမေ အပိုအဘေကို ပိုင်းခြားနားလည်ထားပါ။
မိဘပေးစားတဲ့ နဂိုလင်-နဂိုမယားနှင့် စိတ်ကစွဲလန်းယူငင်ထားတဲ့ အပိုလင်-အပိုမယားကို ပိုင်းခြားနားလည်ထားပါ။ လင်ရယ်-မယားရယ်လို့ ဖြစ်လာကြပြန်တော့ "
"သားရယ် သ္မီးရယ် မြေးရယ် မြစ်ရယ် ဆွေရယ် မျိုးရယ် ပစ္စည်းရယ်လို့ ဆက်သွယ်ပြီး ရှိလာကြပြန်ပါတယ်၊၊
သို့ပင်ရှိစေကာမူ နဂိုသား,သ္မီး,မြေး,မြစ်,ပစ္စည်းဥစ္စာ ဘဏ္ဍာတွေကို ပိုင်းပိုင်း ခြားခြား ပြတ်ပြတ်သားသား ရေရေ လည်လည် ဥာဏ်ရည်နဲ့ နားလည်ထားပါ။
ဤကဲ့သို့ ပိုင်းပိုင်း ခြားခြား နားလည်ပြီးသော် နဂိုတရားတွေကို မစွန့်ရပါဘူး၊ အပိုအမှားကိုသာ စွန့်ရမှာ အမှန်ဖြစ်ပါတယ်။ အပိုအမှားကို သက္ကယဒိဋ္ဌိ ခေါ်ပါတယ်၊ သောတာပတ္တိမဂ်ဥာဏ်ရဘို့ရန် ထိုအပိုဒုက္ခတို့ရဲ့
' မဖြစ်လျှင် မဖြစ်သလို, ဖြစ်လျှင်ဖြစ်သလို""
ထိထိမိမိ ဥာဏ်နှင့် သိဘို့လိုပါတယ်၊ ငါစွဲ သူစွဲ ပုဂ္ဂိုလ်စွဲ သတ္တ၀ါစွဲဟူသမျှ မြူမျှမကျန်အောင် (၀ါ) ပြောင်ပြောင်ကြီးစင်သွားအောင် စွန့်မှ လွှတ်မှ လွတ်ရေးကျွတ်ရေး အနှေးရမယ်လို့ ကြားဘူးနားဝ ဗဟုသုတ ရှိထားကြတော့.....
ရှိတာတွေကို စွန့်လွှတ်ရမှာလား မရှိလျှင် မရှိတဲ့ အတိုင်းတိုင်း သိရ,မြင်ရ မှာလားဆိုလျှင်၊ အပိုဆိုတာ နဂိုက မရှိဘူး အစကမရှိဘူးလို့ အရှိလျှင် မရှိသလို သိမြင်ကြရုံပါဘဲ။
အပိုဒုက္ခတွေကို မရှိအောင်-မပြုလုပ်ပါနှင့်
မရှိလျှင်-မရှိသလို မြင်,သိပါ။

11,1, 2009 (sun) " ဒီတရားစာအုပ်က မဆုံးသေးပါ။ ဆက်ပြီးရှာဖတ်ပါ။